Xiaomi Redmi Note 8 Pro ထက် စောသွားပါတယ်
Nyein Min Wai

Xiaomi နဲ့Realme ဖုန်းကုမ္ပဏီနှစ်ခုအကြားမှာ ဘယ်ကုမ္ပဏီအရင် မိတ်ဆက်မလဲဆိုပြီး စောင့်ကြည့်နေရတဲံ 64Mp ကင်မရာသုံး စမတ်ဖုန်းကတော့ ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။


Realme XT နာမည်နဲ့64MP ကင်မရာကို ပထမဆုံး အသုံးပြုလာတဲ့ ဒီဖုန်းဟာ Realme 5 Pro နဲ့အတော်လေး ဆင်တဲ့ အချက်တွေ ပါပြီး အဓိက ကွဲပြားသွားတာ ကင်မရာပဲ ဖြစ်ပါတယ်။ Realme XT ဟာလည်း ကျောဘက် Quad camera စနစ် သုံးထားပြီး အဓိက sensor ကတော့ 64MP GW-1 sensor ပါ။

Photo: androidauthority

48MP ကင်မရာတွေမှာလိုပဲ 0.8 micro pixels နဲ့လာပြီး pixel ၄ ခုကို တစ်ခုတည်း ထွက်အောင် ပေါင်းစည်းပေးနိုင်တာကြောင့် 16MP ကင်မရာနဲ့ညီမျှတဲ့ ပုံတွေကို ရိုက်ကူးပေးနိုင်ပါတယ်။ တစ်ခြား ကင်မရာ ၃ လုံးကတော့ ၁၁၉ ဒီဂရီ မြင်ကွင်းကျယ် ရိုက်ကူးနိုင်မယ့် 8MP ultra-wide ကင်မရာ ၊ 2MP depth sensor နဲ့2MP macro ကင်မရာဆိုပြီး သုံးထားတာပါ။

ရှေ့ဘက်မှာ 16MP ဆယ်လ်ဖီကင်မရာ သုံးထားပြီး display ဟာ waterdrop notch ဒီဇိုင်း ဖြစ်ပါတယ်။ Realme 5 Pro လိုပဲ Snapdragon 712 processor နဲ့လာပြီး RAM ကို 4GB ၊ 6GB နဲ့8GB ဆိုပြီး သုံးမျိုး ထွက်ထားပါတယ် ။ storage ဟာ 64GB ကနေ 128GB အထိ လာပြီး microSD card ကနေ ထပ်ပြီး မြှင့်နိုင်မှာပါ။

Photo: 91mobiles

အားသွင်းစနစ်ပိုုင်းမှာ 20W fast charging ပါတဲ့ 4000 mAh ဘက်ထရီ သုံးထားပြီး Realme 5 Pro နဲ့မတူတာက မှန်ပြင်အောက် လက်ဗွေနည်းပညာပါတဲ့ ၆.၄ လက်မ Super AMOLED display သုံးသွားတာ ဖြစ်ပါတယ်။ ဆော့ဖ်ဝဲလ်ပိုင်းမှာ Android 9 Pie ကို အခြေခံထားတဲ့ ColorOS 6.01 နဲ့လာပါတယ်။

လက်ရှိအချိန်ထိတော့ Realme XT ရဲ့ ဈေးနှုန်း မသိရသေးပေမယ့် စက်တင်ဘာ ဒုတိယပတ်လောက်မှာ ရောင်းချသွားဖို့ရှိပါတယ်။


က္က