wireless charging ရတဲ့ touchpads တွေ ပါရှိပါတယ်
Nyein Min Wai

Samsung ဟာ ၂၀၂၀ နှစ်ဆန်းပိုင်းမှာ ဝယ်လို့ရမယ့် Windows လက်ပ်တော့ သစ်နှစ်မျိုးကို ထုတ်ဖော်ပြသသွားပါတယ်။

နှစ်စဉ်ကျင်းပနေတဲ့ Samsung Developers Conference ပွဲမှာ Galaxy Book Flex နဲ့Galaxy Book Ion နာမည်နဲ့ကြေညာသွားတာပါ။ Galaxy Book Flex ဟာ ၃၆၀ ဒီဂရီ ခေါက်လို့ရတဲ့ လက်ပ်တော့-တက်ဘလက် နှစ်မျိုးသုံး လက်ပ်တော့ဖြစ်ပြီး Galaxy Book Ion ကတော့ ပုံမှန်လက်ပ်တော့ တစ်လုံးဒီဇိုင်းကိုပဲ သုံးထားပါတယ်။ ဒီလက်ပ်တော့ နှစ်မျိုးလုံးရဲ့ ထူးခြားချက်က 1920 x 1080p ရုပ်ထွက်ရှိပြီး Samsung QLED display ကို ပထမဆုံး သုံးသွားခြင်းပဲ ဖြစ်ပါတယ်။

Galaxy Book Flex (Photo: Android Authority)

ဒီလက်ပ်တော့သစ်တွေဟာ မျက်နှာပြင် ၁၃.၃ လက်မနဲ့၁၅.၆ လက်မစီ ထွက်ထားပြီး အမြင့်ဆုံးတောက်ပမှုအဆင့် 600 nits အထိ ရှိတယ်လို့ဆိုပါတယ်။ Flex နဲ့Ion တို့နှစ်မျိုးဟာ Intel Project Athena ပရိုဂရမ်တွေနဲ့လာပြီး 10th Gen Intel Core processor တွေ သုံးထားပါတယ။် Flex ကတော့ Ice Lake ဖြစ်ပြီး Ion ကတော့ Comet Lake ဖြစ်ပါတယ်။ wired နဲ့wireless ချိတ်ဆက်မှု ပိုပြီး မြန်ဆန်လာတဲ့ WiFi 6 ချိတ်ဆက်မှုနဲ့အတူ Thunderbolt 3 တို့လည်း ပါပါတယ်။

Photo: pocketnow

memory အနေနဲ့LPDDR4 16GB ၊ storage 1TB SSD အထိ ပါလာပြီး Graphic အနေနဲ့၁၃ လက်မမော်ဒယ်တွေဟာ Intel Iris Plus graphic နဲ့၁၅ လက်မမော်ဒယ်တွေမှာ Nvidia GeForce MX250 နဲ့Intel Iris Plus တို့သုံးထားပါတယ်။ Galaxy Book Ion ၁၅ လက်မမှာဆိုရင် memory အနေနဲ့Sodimm slot နဲ့နောက်ထပ် RAM 16GB chip ထပ်စိုက်နိုင်သလို SSD slot လည်း အပိုင်တစ်ခု တပ်ဆင်နိုင်ပါတယ်။


Galaxy Book Ion ( Photo: GSMArena)

ဒီလက်ပ်တော့တွေမှာ ပါတဲ့ touchpads တွေ သုံးပြီး တစ်ခြား Qi ကြိုးမဲ့အားသွင်းစနစ်သုံး ထုတ်ကုန်တွေကို Samsung ရဲ့ Wireless Power Share စနစ်နဲ့အားပြန်သွင်းပေးနိုင်မှာပါ။ Wireless Power Share အသုံးပြုနေချိန်မှာ touchpad ကို သုံးလို့ရမှာ မဟုတ်ပါဘူး။ Galaxy Book Flex နဲ့Galaxy Book Ion တို့ရဲ့ ကီးဘုတ်မှာ fingerprint readers တွေ တပ်ဆင်ထားလို့လက်ပ်တော့ဖွင့်ပြီး အလုပ်လုပ်မယ်ဆိုရင် အမြန် sign-ins ဝင်နိုင်မှာ ဖြစ်ပါတယ်။

royal blue ကာလာနဲ့လာပြီး Galaxy Book Flex ကတော့ တက်ဘလက်လို သုံးချိန်မှာ digital art ဆွဲသူတွေအတွက် အသုံးဝင်တဲ့ S Pen ထည့်ပေးထားပါတယ်။ S Pen ဟာ Bluetooth built-in ပါတာကြောင့် အဝေးထိန်းလုပ်ဆောင်ချက်တွေ လုပ်ဆောင်နိုင်ပါတယ်။ ဘက်ထရီကတော့ 67.7W စီ ရှိပြီး Galaxy Book Flex မှာ HMDI connector တစ်ခု အပို ပါလာပါတယ်။ ဒီထုတ်ကုန်တွေရဲ့ ဈေးနှုန်း မသိရသေးပေမယ့် လာမယ့် ဒီဇင်ဘာလထဲမှာ စတင်ရောင်းချသွားဖို့စီစဉ်ထားပါတယ်။


က္က