in-display fingerprint နဲ့512GB storage တွေက လန်းပါတယ်

5G ကွန်ရက် ပံ့ပိုးမှု ပါတဲ့ Qualcomm ရဲ့ နောက်ဆုံးပေါ် flagship processor အပါအဝင် စိတ်လှုပ်ရှားစရာ feature သစ်တွေနဲ့high-end ဖုန်းသစ်တစ်လုံးကို Lenovo မှ စတင် မိတ်ဆက်လိုက်ပါတယ်။

Photo: gsmarena



         အန်းဒရိုက်ဖုန်းလောကမှာ Qualcomm ရဲ့ Snapdragon 855 SoC ကို ပထမဆုံး သုံးမယ့် ဖုန်းဟာ မထင်မှတ်ဘဲ Lenovo Z5 Pro GT ဖြစ်သွားတာက အံ့သြစရာပါ။ Snapdragon 855 SoC ကို အရင်ဆုံး သုံးမယ်လို့သတင်းပြေးနေတာက OnePlus ဖုန်းဖြစ်ပေမယ့် တကယ်တမ်း ဈေးကွက်မှာ လက်ဦးမှုရယူသွားတာက Lenovo မော်ဒယ် ဖြစ်နေပါတယ်။ ၂၀၁၉ ထုတ် high-end ဖုန်းတွေမှာ မြင်ရမယ့် ဒီ processor ဟာ ဒီနှစ် အန်းဒရိုက်ဖုန်းလောကမှာ အမြင့်ဆုံး processor ဖြစ်တဲ့ Snapdragon 845 chipset ထက် performance ပိုင်းမှာ ၄၅% ပိုမြင့်ပြီး tri-cluster ဖွဲ့စည်းမှုကြောင့် အမြန်နှုန်းနဲ့စွမ်းအင် သုံးစွဲမှုပိုင်းမှာ အတော်လေးကို အားရစရာကောင်းနေပါတယ်။

         Lenovo Z5 Pro GT ရဲ့ ထူးခြားမှုက processor သာ တကယ့် flagship သုံးတာမဟုတ်ဘဲ RAM ပမာဏမှာလည်း ဘယ်ဖုန်းမှာမှ မမြင်ရသေးတဲ့ 12GB ပမာဏအထိ သုံးသွားတာပါ။ အနီးစပ်ဆုံးပြောရရင် ဒီတစ်ပတ်ထဲမှာ ထွက်ရှိလာတဲ့ OnePlus 6T McLaren Edition လို အမိုက်စား luxury ဖုန်းမှာတောင် RAM 10GB အထိပဲ ပါတာနဲ့ယှဉ်ကြည့်လို့ရပါတယ်။ ကျန်တဲ့ specs တွေကို လိုက်ကြည့်မယ်ဆိုရင်လည်း ရင်ခုန်စရာတွေနဲ့ဖွဲ့စည်းထားတာ သိသာပါတယ်။


         မျက်နှာပြင် ၆.၃၉ လက်မ ၊ notch ဖြုတ်ထားတဲ့ AMOLED display ဟာ Xiaomi Mi Mix 3 စတိုင် slider ကင်မရာစနစ်နဲ့လာပါတယ်။ display ရဲ့ အောက်မှာတော့ လက်ဗွေစနစ် မြှပ်ထားပြီး ကိုယ်ထည်ဒီဇိုင်းဟာ ထူးခြားတဲ့ ကာဗွန် pattern ပုံစံ မှန်ကိုယ်ထည်နဲ့လာသလို အနီရောင် အစင်းလိုင်းတွေနဲ့ဆန်းပြားနေပါတယ်။ နောက်ထပ် စိတ်ဝင်စားစရာတစ်ခုက storage ပမာဏကိုလည်း အမြင့်ဆုံး 512GB အထိ သုံးသွားတာပါ။

         ကင်မရာပိုင်းမှာ Lenovo Z5 Pro GT ဟာ သူ့ထက် ဈေးသက်သာတဲ့ mid-range ဖုန်း Lenovo Z5s လိုမျိုး triple lens မသုံးတော့ဘဲ dual cameras တွေနဲ့ပဲ ထွက်လာတာ ဖြစ်ပါတယ်။ slider စနစ်ထဲမှာ ဖုန်းခေါ်ဖို့အတွက် earpiece နဲ့အတူ ရှေ့ဘက်ခြမ်း dual cameras တွေ ဖြစ်တဲ့ 16MP+8MP ဆယ်လ်ဖီကင်မရာတွေ သုံးသွားပါတယ်။ ကျောဘက်အလယ်မှာတော့ ထောင်လိုက် 16MP နဲ့24MP ကင်မရာနှစ်လုံးနဲ့လာတာပါ။

         Lenovo Z5 Pro GT အနေနဲ့ပြောစရာတစ်ခုက အရွယ်အစား သေးငယ်တဲ့ 3350 mAh ဘက်ထရီကို သုံးသွားတာ ဖြစ်ပြီး Android 9 Pie နဲ့လာတဲ့ အချက်ကတော့ ကျေနပ်စရာပါ။ ဗားရှင်းပေါ်လိုက်ပြီး ဒီဖုန်းကို ဈေးသုံးမျိုးနဲ့ရောင်းချပေးပါတယ်။

Photo: Times Now

         RAM 6GB/128GB storage ကို ၂၆၉၈ ယွမ် (မြန်မာငွေ ၆ သိန်းကျော်) ၊ RAM 8GB/256GB ဗားရှင်းကို ၃၃၉၈ ယွမ် (မြန်မာငွေ ၇ သိန်း ၈ သောင်း ) နဲ့RAM 12GB/512GB မော်ဒယ်ကို ၄၃၉၈ ယွမ် (မြန်မာငွေ ၁၀ သိန်း ဝန်းကျင်) ဈေးနဲ့လာမယ့် ဇန်နဝါရီ ၂၄ ရက်နေ့မှာ စတင် ဝယ်ယူနိုင်မှာပါ။


ဆက်စပ်အကြောင်းအရာများ



က္က