affordable flagship ‌တွေပါ

၂၀၁၉ တုန်းက Samsung ရဲ့ နာမည်ကြီး flagship ဖုန်းမော်ဒယ်နှစ်မျိုးရဲ့ ဘက်ဂျက်ဗားရှင်းတွေ ထွက်လာပါပြီ။

Samsung ဟာ လာမယ့် CES 2020 ပွဲမတိုင်ခင်မှာ Galaxy S10 Lite နဲ့ Galaxy Note 10 Lite တွေကို မိတ်ဆက်သွားတာပါ။ high-end ဖုန်းတွေရဲ့ ပရီမီယံ features တွေနဲ့ လုပ်ဆောင်ချက်တွေကို Lite ဗားရှင်း ဖုန်းမော်ဒယ်တွေမှာ ကြေညာသွားဖြစ်လို့ စိတ်ဝင်စားဖို့လည်း ကောင်းနေပါတယ်။



Galaxy S10 Lite နဲ့ Note 10 Lite တို့ဟာ မျက်နှာပြင် ၆.၇ လက်မ Super AMOLED infinity O display နဲ့ လာပြီး display ရုပ်ထွက်အနေနဲ့ 2400 x 1080p ပါရှိပါတယ်။ ရှေ့ကင်မရာဟာ အပေါ်ဘောင်အလယ်တည့်တည့်နေရာမှာ punch-hole စတိုင်နဲ့ သုံးထားတာ ဖြစ်ပါတယ်။

Photo: Newoin


ဘက်ထရီပါဝါ 4500mAh စီ ပါရှိပြီး internal 128GB storage နဲ့ RAM 6GB/8GB ဆိုပြီး ထွက်ထားပါတယ်။ Galaxy Note 10 Lite မှာ ပုံမှန်အတိုင်း pen ပါတာကလွဲရင် ဒီဇိုင်းကတော့ မော်ဒယ်နှစ်ခုစလုံးဟာ တစ်ပုံစံတည်းပါပဲ။ တစ်ခြား hardware ပိုင်းတွေအရ ဒီဖုန်းနှစ်မျိုးဟာ အတော်လေး ကွဲပြားပါတယ်။

Galaxy S10 Lite ဟာ high-end processor ဖြစ်တဲ့ Snapdragon 855 processor သုံးပြီး Galaxy Note 10 Lite ကတော့ Samsung ထုတ် Exynos 8895 processor နဲ့ လာပါတယ်။ ကျောဘက်မှာ စတုဂံကွက်ပုံစံ ကင်မရာသုံးလုံးစနစ်ကို သုံးသွားတယ်ဆိုပေမယ့် တစ်ခုနဲ့တစ်ခု လုံးဝ မတူပါဘူး။

Galaxy S10 Lite ရဲ့ ကျောဘက်ကင်မရာတွေကတော့ 5MP macro Lens ၊ အရင့်အရင် flagship တွေထက် ပိုမိုကောင်းမွန်ဆန်းသစ်လာတဲ့ Super Steady OIS ရုပ်ငြိမ်စနစ်ပါ 48MP wide angle lens နဲ့ 12MP ultra wide lens တို့ ဖြစ်ပါတယ်။ Note 10 Lite မှာ 12MP ultra-wide ၊ dual pixel OIS စနစ်ပါ 12MP wide lens နဲ့ OIS ပါတဲ့ 12MP tele lens တို့ သုံးသွားပါတယ်။


Photo: Tech.co

ရှေ့ဘက်မှာတော့ 32MP ဆယ်လ်ဖီကင်မရာ ပါရှိပါတယ်။ Galaxy Note 10 Lite မှာ သုံးတဲ့ pen ဟာ ၂၀၁၈ က ထွက်ခဲ့တဲ့ Galaxy Note 9 ရဲ့ Bluetooth Low-Energy (BLE) support ပါတဲ့ pen ပါ။အရောင်အနေနဲ့ Note 10 Lite ဟာ Aura Glow ၊ Aura Black နဲ့ Aura Red ကာလာ ၃ ရောင်နဲ့ လာပြီး Galaxy S10 Lite ကတော့ Prism White ၊ Prism Black နဲ့ Prism Blue ကာလာတွေနဲ့ ထွက်ထားပါတယ်။

၂၀၂၀ ပထမ သုံးလပတ်အတွင်းမှာ ရောင်းချသွားမှာ ဖြစ်ပြီး Galaxy Note 10 Lite ကို ၅၉၉ ယူရို (မြန်မာငွေ ၉ သိန်း ၈ သောင်းနီးပါး) နဲ့ S10 Lite ကို ၆၄၉ ယူရို (မြန်မာငွေ ၁၀ သိန်း ၆ သောင်းခန့်) ဈေးတွေနဲ့ ဝယ်ယူနိုင်မယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က