storage ဗားရှင်း ၃ မျိုးနဲ့ ထွက်ထားပါတယ်

Samsung ဟာ လုံခြုံရေးမြင့် external SSD တစ်မျိုး မိတ်ဆက်လိုက်ပါတယ်။

external SSD သစ်တွေ ထုတ်လုပ်ပြီဆိုရင် ဒေတာပေးပို့လွှဲပြောင်းမှု ပိုမြန်ဖို့နဲ့ storage တွေ ပိုဆန့်ဖို့ကို အဓိကထားပြီး ထုတ်လေ့ရှိပါတယ်။ CES 2020 မှာ Samsung ကနေ မိတ်ဆက်လိုက်တဲ့ T7 Touch SSD ကတော့ ဆန်းသစ်မှုတစ်ခု လုပ်ထားပါတယ်။ အဲ့ဒါကတော့ ပုံမှန် storage မြှင့်တာနဲ့ အချက်အလက်ပေးပို့မှု မြန်ဆန်ခြင်းအပြင် ဖိုင်တွေကို လုံခြုံစေဖို့ built-in fingerprint စနစ် တပ်ဆင်သွားတာ ဖြစ်ပါတယ်။






T7 Touch ဟာ မတူညီတဲ့ လက်ဗွေ ၄ ခု အထိ register လုပ်နိုင်ပါတယ်။ တကယ်လို့ Drive ကို မိတ်ဆွေနဲ့ လုပ်ဖော်ကိုင်ဘက်တွေကိုပါ ငှားမယ်ဆိုရင် သူတို့ရဲ့ လက်ဗွေနဲ့ မှတ်ပုံတင်ထားရမှာပါ။ အချက်အလက်တွေ လွှဲပြောင်းမှုလုပ်ဖို့ T7 Touch ပေါ်က လက်ဗွေခလုတ်ကို နှိပ်လိုက်ရုံနဲ့ လွယ်လင့်တကူ ကူးပြောင်းနိုင်မှာ ဖြစ်ပါတယ်။

အချက်အလက်လွှဲပြောင်းမှု လုပ်တာနဲ့ လက်ဗွေဖတ်စနစ်ကနေ LED အလင်းတွေ ထွက်နေမှာပါ။ ဒီ LED ကတော့ Drive ဟာ ပိတ်ထားသလား ဖွင့်ထားသလားဆိုတာကို ညွှန်ပြတဲ့စနစ်လည်း ဖြစ်ပါတယ်။ အချက်အလက်လုံခြုံရေးအတွက် password နဲ့ကာပြီး AES 256-bit hardware အချက်အလက်လုံခြုံမှုစနစ်လည်း သုံးပြီး ဝှက်ပေးသွားမှာပါ။

drive ဟာ အလူမီနီယံကိုယ်ထည်နဲ့ လာပြီး အမြင့် ၂ မီတာ ( ၆ပေခွဲခန့်) ကနေ လွတ်ကျတဲ့ ဒဏ်ကို ခံနိုင်အောင် ထုတ်ထားတယ်လို့ Samsung က ကြေညာပါတယ်။ T7 Touch ဟာ USB-C port တစ်ခုတည်း သုံးထားပြီး USB-C အချင်းချင်း ဖြစ်စေ USB-C ကနေ USB-A cable ဖြစ်စေ ချိတ်ဆက်နိုင်မှာပါ။

Photo: The Verge

ဒေတာရေးတဲ့မြန်နှုန်းဟာ 1000MB/s နဲ့ ဖတ်ရှုနှုန်းက 1050MB/s ရှိတာကြောင့် အရင် T5 drive ထက် ၂ ဆနီးပါး ပိုမြန်နေပါတယ်။ T7 Touch ဟာ အနက်နဲ့ ငွေရောင် ကာလာ ၂ မျိုးနဲ့ ထွက်ထားပြီး storage အလိုက် ဗားရှင်း ၃ မျိုးလာပါတယ်။

500GB ဗားရှင်းဟာ ၁၂၉ ဒေါ်လာ ( မြန်မာငွေ ၁ သိန်း ၉ သောင်းခန့်) ၊ 1TB ဗားရှင်းကို ၂၂၉ ဒေါ်လာ ( မြန်မာငွေ ၃ သိန်း ၃ သောင်းခွဲခန့်) နဲ့ 2TB ဗားရှင်းကိုတော့ ၃၉၉ ဒေါ်လာ ( မြန်မာငွေ ၅ သိန်း ၈ သောင်းခွဲခန့်) ဈေးတွေနဲ့ ဒီလထဲမှာ ရောင်းချသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က