မြန်မာငွေ ၃ သိန်းခွဲဈေးနဲ့ တရုတ်မှာ ရောင်းချသွားမှာပါ

Nubia ဟာ ဂိမ်းစမတ်ဖုန်းသစ်နဲ့အတူ Nubia Watch နာရီသစ်ကို မိတ်ဆက်လိုက်ပါတယ်။

Nubia Watch နာရီသစ်ဟာ ပြီးခဲ့တဲ့နှစ်က ဖြန့်ချိခဲ့တဲ့ Nubia Alpha ကို အဆင့်မြှင့်ထားတဲ့ ဗားရှင်းဖြစ်ပါတယ်။ ပေါ့ပါးလှတဲ့ အလူမီနီယံ Alloy နဲ့ ထုတ်ထားပြီး ကိုယ်ထည်ဘေးဘောင်မှာ ဇီဝဆေးထောက်ခံချက်ပါ Ceramic ကြွေသား သုံးထားပါတယ်။ လက်ကောက်ဝတ်ကို ဖုံးလုနီးပါး ကြီးမားတဲ့ ၄.၀၁ လက်မ Super Flexible AMOLED screen ပါရှိပါတယ်။



Photo: fonearena

မှန်ကိုလည်း အရှည်အတိုင်း ကွေးညွှတ်ထားပြီး AMOLED display ကြောင့် Always-On လုပ်ဆောင်ချက် ပါရှိပြီး ဘေးဘောင်မှာ crown ချိန်သီးတစ်လုံးလည်း ထည့်ပေးထားပါတယ်။ ကိုယ်ထည်ဟာ စတိန်းလတ်စတီးနဲ့ အလူမီနီယံသုံးပြီး တည်ဆောက်ထားတာပါ။

နာရီကြိုးဟာ ပုံမှန် ဆီလီကွန်နဲ့ နက်ပါလယ်သာနှစ်မျိုး ထွက်ထားပါတယ်။ Nubia Watch ဟာ eSIM support ပေးထားတာကြေင့် ဖုန်းတစ်လုံးလိုလည်း အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ ချိတ်ဆက်မှုစနစ်အနေနဲ့ NFC ငွေချေးမှု ၊ Bluetooth 5.0 နဲ့ WiFi ချိတ်ဆက်မှုလည်း ပါဝင်ပါတယ်။ 

Photo: techandroids

စမတ်နာရီ ဖြစ်တဲ့အတိုင်း အားကစားနဲ့ ကျန်းမာရေးဆိုင်ရာ စောင့်ကြည့်စနစ်တွေ သုံးနိုင်ပြီး ရာသီဥတုအချက်ပြစနစ်များ ၊ ဖုန်းရှာပေးမယ့် Find My Phone လုပ်ဆောင်ချက် ၊ သံလိုက်အိမ်မြှောင်နဲ့ တစ်ခြား လုပ်ဆောင်ချက်တွေလည်း ပါဝင်ပါတယ်။ နာရီဝတ်ထားတဲ့ လက်ကို မြှောက်ကြည့်တာနဲ့ Screen နှိုးပေးမယ့် Wake-up gesture ကိုလည်း Nubia Watch ဟာ ပံ့ပိုးပေးထားပါတယ်။

Nubia Watch နာရီကို အနက် ၊ အစိမ်းနဲ့ အနီကာလာတွေနဲ့ ထွက်ထားပြီး တရုတ်ဈေးကွက်မှာ ၁၇၉၉ ယွမ် (မြန်မာငွေ ၃ သိန်းခွဲ) ဈေးနဲ့ ရောင်းချသွားမှာပါ။ နိုင်ငံတကာ ဈေးကွက်ဝင်မယ့်ရက်တော့ မသိရသေးပါဘူး။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က