Quad lens နဲ့ မြန်မာငွေ ၁ သိန်းခွဲတန် ဖုန်းပါ

ပါဝါဖုန်းတွေလို့ ဆိုရမယ့် Tecno Spark Power ဖုန်းသစ် ထွက်လာပါတယ်။

Tecno Spark Power 2 Air ဖုန်းဟာ ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းက အိန္ဒိယဈေးကွက်မှာ မိတ်ဆက်ခဲ့တဲ့ Tecno Spark Power 2 ရဲ့ တန်ဖိုးသင့်ဗားရှင်းလို့ ဆိုရမှာပါ။ Airဗားရှင်း ဖြစ်ပေမယ့် အရင်မော်ဒယ်အတိုင်း ၇ လက်မ display နဲ့ ဧရာမ 6000mAh ဘက်ထရီနဲ့ ထွက်လာတာပါ။ 



Photo: aboutmans


features အများစုဟာ Tecno Spark Power 2 နဲ့ ဆင်ပြီး 720p+ waterdrop notch နဲ့ လာပါတယ်။ မြင်ကွင်းကျယ် ခံစားမှုနဲ့အတူ အသံစနစ်မှာလည်း အားကောင်းတဲ့ စတီရီယိုစပီကာတွေ သုံးထားပါတယ်။ 6000mAh ဘက်ထရီဟာ video playback ကြည့်မယ်ဆိုရင် ၁၅ နာရီ ဆက်တိုက် ကြည့်နိုင်ပြီး ဂိမ်း ၁၃ နာရီ ကစားနိုင်မယ်လို့ တရားဝင် ကြေညာထားပါတယ်။

Charging speed အကြောင်း ပြောထားဘဲ AI-power ဘက်ထရီအထိန်းစနစ် ပါတယ်လို့ပဲ ဆိုပါတယ်။ display ရဲ့ အပေါ်ဘက် notch ထဲမှာ 8MP ဆယ်လ်ဖီကင်မရာပါရှိပြီး ညဘက်ဆယ်လ်ဖီတွေမှာ အလင်းပိုပေးနိုင်ဖို့ dual LED flash တစ်ခုလည်း ပါလာပါတယ်။ 

Photo: newszada


ကျောဘက်မှာ Quad lens ကင်မရာသုံးထားပြီး ခေတ်ပေါ် စမတ်ဖုန်းကင်မရာ Module တွေရဲ့ ဒီဇိုင်းအတိုင်း ထောင်လိုက်စတုဂံကွက်နဲ့ လာပါတယ်။ 13MP main lens ၊ 2MP depth sensor ၊ 2MP macro lens နဲ့ AI lens တစ်ခု ထည့်ထားပါတယ်။ ကင်မရာ features အနေနဲ့ quad LED flash ၊ Auto-Scene Detection Mode နဲ့ Macro ဓါတ်ပုံစနစ်တို့ ပါဝင်မှာပါ။

MediaTek Helio A22 chipset နဲ့ လာပြီး RAM 3GB/32GB storage ပါရှိတဲ့အပြင် microSD card နဲ့ storage ထပ်တိုးနိုင်မှာပါ။ Android 10 ကို အခြေခံထားတဲ့ HiOS 6.1 စနစ်သုံးထားပြီး Cosmic Shine နဲ့ Ice Jadeite ကာလာနှစ်ရောင်နဲ့ ထွက်ထားပါတယ်။ ဈေးနှုန်း ရူပီး ၈၅၀၀ (မြန်မာငွေ ၁ သိန်းခွဲကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။ 



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က