မြန်‌မာငွေ ၄ သိန်း ကျော်တန် ဖုန်းပါ
Nyein Min Wai

LG ရဲ့ နောက်ဆုံးထွက် mid-range ဖုန်းကို တောင်ကိုရီးယား‌ဈေးကွက်မှာ မိတ်ဆက်လိုက်ပါတယ်။


LG Q61 ဟာ Global ဗားရှင်းအဖြစ် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာ မိတ်ဆက်သွားတဲ့ LG K61 ကို Rebrand လုပ်လိုက်တာပါ။ LG Q61 ဟာ လေးလုံးတွဲကင်မရာ ၊ punch-hole display နဲ့ စစ်တပ်သုံး အကြမ်းခံမှု ပါရှိပါတယ်။ ကျောဘက်မှာ Fingerprint scanner တပ်ဆင်ထားပြီး အရည်အသွေးမြင့် စတီရီယိုအသံစနစ် အတွက် DTS: X 3D လုပ်ဆောင်ချက် ထည့်သွင်းထားပါတယ်။


Photo: Gizmochina


မျက်နှာပြင်အရွယ်အစား ၆.၅ လက်မ FHD+ display နဲ့ လာပါတယ်။ punch hole ကင်မရာပေါက်ထဲမှာ 16MP selfie သုံးထားပါတယ်။ processor အမျိုးအစားကို ကြေညာခြင်း မရှိဘဲ 2.3GHz octa-core processor လို့ ဆိုပါတယ်။ RAM 4GB/64GB storage တစ်မျိုးတည်း ထွက်ထားပြီး microSD slot ကနေ storage ထပ် မြှင့်နိုင်ပါတယ်။

ကျောဘက် fingerprint scanner ရဲ့ အပေါ်ဘက်မှာ အလျားလိုက် လေးလုံးတွဲကင်မရာ ပါရှိပါတယ်။ main camera ဟာ 48MP ဖြစ်ပြီး ကျန်တဲ့ ကင်မရာတွေကတော့ 8MP ultlrawide ၊ 5MP depth sensor နဲ့ 2MP macro lens တို့ ဖြစ်ပါတယ်။ LG Q61 ဟာ 4000mAh ဘက်ထရီ သုံးထားပါတယ်။ စစ်တပ်အဆင့် အကြမ်းခံမှု ဖြစ်တဲ့ MIL-STD 810G စံချိန်မီ ဖုန်းတစ်လုံးပါ။

အဖြူရောင်တစ်မျိုးတည်း ထွက်ထားပြီး တောင်ကိုရီးယားမှာ ဝမ် ၃၆၉၆၀၀ (မြန်မာငွေ ၄ သိန်း ၂ သောင်းကျော်) ဈေးနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က