ဂိမ်းအကြိုက်ကစားလို့ ကောင်းမယ့်ဖုန်းပါ

Honor ဟာ တန်ဖိုးသင့် 5G ဖုန်းနှစ်လုံးကို မိတ်ဆက်ခဲ့ကြပြီး တစ်လုံးကတော့ Honor X10 Max 5G ဖြစ်ပါတယ်။

Honor X10 Max 5G ဟာ နာမည်နဲ့ လိုက်အောင် အကြီးစား display သုံးထားပါတယ်။ ဖျော်ဖြေရေးနဲ့ ဂိမ်းကစားသူတွေအကြိုက်တွေ့မယ့် ၇.၀၉ လက်မအရွယ်အစားဖြစ်ပြီး ၂၀၂၀ ထုတ် Screen size အကြီးဆုံးဖုန်းတစ်လုံးလို့ ဆိုနိုင်ပါတယ်။ နောက်ထပ် ထူးခြားတာက ဒီဖုန်းဟာ MediaTek Dimensity 800 chipset သုံးထားတဲ့ 5G ဖုန်းပါ။ 



Photo: Gizmochina


IPS LCD display အမျိုးအစား ဖြစ်ပြီး waterdrop notch နဲ့ လာပါတယ်။ display ဟာ သာမန် LCDs တွေထက် တောက်ပမှုပိုကောင်းစေမယ့် RGBW matrix တစ်မျိုး သုံးထားပါတယ်။ ဒ့ါကြောင့် brightness level ဟာ 780nits အထိ ရှိမှာ ဖြစ်သလို HDR10 support လည်း ပံ့ပိုးထားပါတယ်။ 

ဖုန်းအပေါ်နဲ့ အောက်ဘက်မှာ စပီကာနှစ်လုံး တပ်ဆင်ထားပြီး notch ထဲမှာ 8MP selfie ကင်မရာ သုံးလာပါတယ်။ကျောဘက်မှာ 48MP main sensor ၊ 8MP ultrawide နဲ့ 2MP depth sensor ကင်မရာတွေ သုံးထားပါတယ်။ screen size နဲ့ လိုက်ဖက်အောင် 5000 mAh ဘက်ထရီ သုံးထားပြီး 22.5W fast charging ပံ့ပိုးထားပါတယ်။

MediaTek Dimensity 800 5G chipet နဲ့အတူ RAM 6GB ဒါမှမဟုတ် 8GB နဲ့ 64GB /128GB storage တွေ သုံးထားပါတယ်။ Android 10 ကို အခြေခံထားတဲ့ Magic UI 3.1 နဲ့ လာပြီး အပြာ ၊ ငွေရောင်နဲ့ အနက် ကာလာ ၃ ရောင်နဲ့ လာပါတယ်။ RAM 6GB/64GB storage မော်ဒယ်ကို ၁၈၉၉ ယွမ် (မြန်မာငွေ ၃ သိန်း ၇‌ သောင်းခန့်) နဲ့ RAM 8GB/128GB storage ကို ၂၄၉၉ ယွမ် (မြန်မာငွေ ၄ သိန်း ၈သောင်းကျော်_) ဈေးတွေနဲ့ ‌‌ရောင်းချသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က