in-display fingerprint စနစ် သုံးထားပါတယ်

mid-range မော်ဒယ် Huawei Y စီးရီးထဲက စိတ်ဝင်စားစရာ ဖုန်းသစ်တစ်လုံး မိတ်ဆက်လာပါတယ်။

Huawei ဝက်ဘ်ဆိုက်ပေါ်မှာ ‌ရောက်လာတဲ့ ဖုန်းသစ် Huawei Y8p ဟာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ကြေညာသွားတဲ့ Huawei Enjoy 10s နဲ့ တစ်ပုံစံတည်း ဖြစ်ပါတယ်။ Huawei Y8p ဟာ waterdrop notch ပါ OLED display နဲ့ လာပါတယ်။ မျက်နှာပြင် ၆.၃ လက်မရှိတဲ့ Huawei Y8p ဟာ display အောက်မှာ fingerprint scanner ထည့်သွင်းထားပြီး ကျောဘက်မှာ ထောင်လိုက် သုံးလုံးတွဲကင်မရာ တပ်ဆင်ထားပါတယ်။



Photo: gizmochina


waterdrop notch ထဲမှာ 16MP ဆယ်လ်ဖီကင်မရာ သုံးထားပါတယ်။ Kirin 710F chipset ၊ RAM 4GB နဲ့ 6GB နှစ်မျိုး ထွက်ထားပြီး 128GB storage ပါရှိပါတယ်။ နောက်ထပ် storage ထပ်မြှင့်ချင်တယ်ဆိုရင် nano memory card ကနေ 256GB storage အထိ ထပ်တိုးနိုင်မှာပါ။ Huawei Y8p ဟာ 10W charging ပါ 4000 mAh ဘက်ထရီ ပံ့ပိုးထားပါတယ်။တစ်ခြား feature တွေအနေနဲ့ Dual-Band Wi-Fi ၊ Bluetooth 5.0 ၊ Dual-SIM ၊ NFC support ၊ USB Type-C နဲ့ နားကြပ်ပေါက်တွေ ပါရှိပါတယ်။

ကျောဘက်မှာ 48MP main sensor ၊ ၁၂၀ ဒီဂရီ မြင်ကွင်းကျယ် ရိုက်ကူးနိုင်တဲ့ 8MP ultra-wide ကင်မရာ နဲ့ 2MP depth sensor ဆိုပြီး ကင်မရာ ၃ လုံး သုံးထားပါတယ်။ ညဘက်မှာ ပုံထွက်ကောင်းစေဖို့ AIS Handheld Night Mode ထည့်ပေးထားပါတယ်။ Android 10 ပေါ် အခြေခံထားပြီး EMUI 10.1 နဲ့ လာပါတယ်။ Google Play Store အစား Huawei AppGallery နဲ့ တစ်ခြား Huawei Services တွေပဲ သုံးနိုင်မှာပါ။

Huawei Y8p ဟာ Midnight Black နဲ့ Breathing Crystal ကာလာ ၂ ရောင်နဲ့ လာပါတယ်။ ရူဘယ် ၆၅၀ (မြန်မာငွေ ၃ သိန်း ၇ သောင်းကျော်) ဈေးနဲ့ ရောင်းချသွားမှာ ဖြစ်ပြီး ပြည်တွင်းဈေးကွက်မှာ RAM 6GB/128GB storage ကို မြန်မာငွေ ၂၉၉၀၀၀ ကျပ် ဈေးနဲ့ ကြေညာထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က