မြန်မာငွေ ၄ သိန်း ၈ သောင်းကျော် ဈေးကနေ စတင် ရောင်းချသွားမှာပါ

နိုင်ငံတကာ ဈေးကွက်မှာ Huawei Mate 30 Lite နာမည်နဲ့မိတ်ဆက်သွားဖို့ရှိတဲ့ Nova 5i Pro ကို တရုတ်ဈေးကွက်မှာ ကြေညာလိုက်ပြီ ဖြစ်ပါတယ်။


Nova 5i Pro ဟာ ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းက မိတ်ဆက်ခဲ့တဲ့ Nova 5/5i တို့လို ကင်မရာ ၄ လုံး သုံးထားပြီး ကင်မရာဒီဇိုင်းမှာတော့ Huawei Mate 20 series အတိုင်း စတုရန်းကွက်ပုံစံ ကင်မရာဒီဇိုင်းနဲ့လာတာပါ။ မျက်နှာပြင် ၆.၂၆ လက်မ IPS LCD display နဲ့လာတဲ့ ဒီဖုန်းဟာ Huawei Nova 5 အတိုင်း AI နဲ့machine learning စွမ်းရည်တွေ လုပ်ဆောင်နိုင်တဲ့ NPU စနစ် ပါရှိတဲ့ 7nm Kirin 810 Processor ကို သုံးထားပါတယ်။



Photo: fonearena

ရှေ့ကင်မရာဟာ display ကို ထွင်းထားတဲ့ punch hole ကင်မရာဒီဇိုင်းဖြစ်ပြီး ဖုန်း screen ရဲ့ ဘယ်ဘက်အပေါ် ထောင့်မှာ ရှိနေပါတယ်။ ကျောဘက်မှာ fingerprint scanner သုံးထားပြီး အနက် ၊ အစိမ်းနဲ့ရောင်ပြေးအပြာ ကာလာ ၃ ရောင်နဲ့ထွက်ထားပါတယ်။ RAM 6GB နဲ့8GB နှစ်မျိုး ပါရှိပြီး storage ကိုုတော့ 128GB နဲ့256GB နှစ်ခုနဲ့ဗားရှင်း သုံးမျိုး ဝယ်ယူနိုင်မှာပါ။

ကျောဘက်ကင်မရာ ၄ လုံး အတွဲအစပ်ဟာ Nova 5i Pro အတိုင်း Sony IMX586 sensor ပါတဲ့ 48MP ကင်မရာ ၊ 8MP UltraWide camera ၊ 2MP Super Macro ကင်မရာနဲ့2MP depth sensor ဆိုပြီး သုံးထားပါတယ်။ Nova 5 / 5 Pro တို့ကတော့ waterdrop notch ကို သုံးပြီး မှန်ပြင်အောက် လက်ဗွေနည်းပညာနဲ့လာပါတယ်။

Nova 5i Pro ကတော့ 32MP punch hole ဆယ်လ်ဖီကင်မရာနဲ့physical fingerprint scanner သုံးသွားတာ ဖြစ်ပါတယ်။ ဘက်ထရီပါဝါအဖြစ် 4000 mAh ဘက်ထရီကို သုံးပြီး 20W ထွက်တဲ့ အားသွင်းမှုကြောင့် နာရီဝက် အားသွင်းချိန်မှာ အား ၅၀% ထိ ပြည့်မယ်လို့ဆိုပါတယ်။ ဒီဖုန်းဟာ သူ့အရင် Nova 5 ဖုန်းတွေလိုပဲ အဆင့်မြင့် ဂိမ်းအတွေ့အကြုံတွေ ခံစားနိုင်မယ့် GPU Turbo နည်းပညာ ပါရှိပါတယ်။

Photo: GSMArena

တရုတ်ဈေးကွက်မှာ Nova 5i အနိမ့်မော်ဒယ်ဖြစ်တဲ့ RAM 6GB/128GB storage အတွဲကို ၂၁၉၉ ယွမ် ( မြန်မာငွေ ၄ သိန်း ၈ သောင်းကျော်) ၊ RAM 8GB/128GB storage ကို ၂၄၉၉ယွမ် ( မြန်မာငွေ ၅ သိန်းခွဲကျော်) နဲ့RAM 8GB/256GB storage ကို ၂၇၉၉ ယွမ် ( မြန်မာငွေ ၆ သိန်းကျော်) ဈေးနဲ့ရောင်းချသွားမယ်လို့ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က