အမြင့်ဆုံး ရေစိုခံနှုန်း ရထားတဲ့ ဖုန်းပါ
Nyein Min Wai

တကယ်လို့ဖုန်းတစ်လုံးမှာ physical buttons တွေလည်း မပါ ၊ speaker အတွက်လည်း နေရာမထား ။ နောက်ဆုံး USB port အားသွင်းပေါက်ပါ မပါလာရင် ဘယ်လိုဖြစ်မလဲ။

Photo: androidauthority



         Meizu ဟာ စမတ်ဖုန်းလောကမှာ ထူးခြားတဲ့ ဖုန်းသစ်တွေ ခဏခဏ မိတ်ဆက်တဲ့ ကုမ္ပဏီတစ်ခုပါ။ အထူးသဖြင့် dual display ပါတဲ့ Meizu Pro 7 လို ဖုန်းတွေကို ကြေငြာနိုင်ခဲ့တဲ့ ဒီကုမ္ပဏီဟာ အခုတစ်ခါမှာ စမတ်ဖုန်းဒီဇိုင်းလောကကို ပြောင်းလဲနိုင်မယ့် ဖုန်းတစ်လုံးကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

         Meizu Zero လို့ခေါ်တဲ့ ဒီဖုန်းသစ်ဟာ physical button နဲ့ports တွေ လုံးလုံး မသုံးတဲ့ ဖုန်းတစ်မျိုး ဖြစ်ပြီး ကိုယ်ထည်မှာာ touch လို့ခေါ်တဲ့ အထိအတွေ့သိစနစ်ပဲ ထည့်သွင်းထားတာ ဖြစ်ပါတယ်။ စပီကာပေါက်မပါတော့ဘဲ မှန်ပြင်အောက်မှာ ထားတဲ့ piezoelectric အသံနည်းပညာသစ်ကို သုံးထားတာပါ။ ဒီနည်းပညာကို Xiaomi Mi Mix နဲ့Aquos Crystal ဖုန်းတွေမှာ မိတ်ဆက်ဖူးပါတယ်။  

         နောက်တစ်ခု အားသွင်းပေါက် ဖြုတ်ပစ်တဲ့ ကိစ္စက ပိုထူးခြားပါတယ်။ Meizu ဟာ wireless charging ပဲ ရတဲ့ ဖုန်းဖြစ်ပြီး ဒီအတွက် Meizu ကနေ ထုတ်ထားတဲ့ 18W charging နည်းပညာကို သုံးထားပါတယ်။ ဖုန်းတစ်လုံးကို ကြိုးမဲ့အားသွင်းဖို့အမြန်ဆုံး နည်းပညာလည်း ဖြစ်ပါတယ်။ ထူးခြားတာက ဒီဖုန်းမှာ SIM card အတွက်တောင် slot မပါတော့တာပါပဲ။



         Meizu Zero ဟာ eSIM သုံး စမတ်ဖုန်း ဖြစ်လို့physical SIM မလိုတော့ဘဲ app ကနေ eSIM ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။ eSIM ကြောင့် SIM card ဝယ်စရာ မလိုတော့သလို ကွန်ရက်ချိတ်ဆက်ရာမှာလည်း သာမန်ထက် မြန်ဆန်လာမှာပါ။ eSIM နည်းပညာကို iPhone သစ်တွေနဲ့Google Pixe 3 series မှာ သုံးနိုင်ပြီဖြစ်လို့အထူးအဆန်းမဟုတ်ပေမယ့် Meizu Zero ကတော့ eSIM သီးသန့်ဖုန်းအဖြစ် ပထမဆုံး ထွက်လာတာ ဖြစ်ပါတယ်။

         မျက်နှာပြင် ၅.၉၉ လက်မရှိတဲ့ Meizu Zero ဟာ အဆင့်မြင့် AMOLED Screen နဲ့လာပြီး မှန်ပြင်အောက် လက်ဗွေထားရှိတဲ့ in-display fingerprint scanner ပါရှိပါတယ်။ ဆယ်လ်ဖီကတော့ 20MP ကင်မရာ ဖြစ်ပြီး ကျော်ဘက်မှာ Sony ရဲ့ IMX 380 နဲ့IMX 350 AI sensors တွေ ပါဝင်တဲ့ 12MP + 20MP ကင်မရာနှစ်လုံးတွဲ သုံးထားပါတယ်။

         performance ပိုင်းမှာ ၂၀၁၈ ထွက် high-end chipset ဖြစ်တဲ့ Snapdragon 845 processor ပါရှိပြီး RAM/storage နဲ့ဘက်ထရီပမာဏကိုတော့ မသိရသေးပါဘူး။ ဒီဖုန်းမှာ လေးစားစရာနောက်တစ်ချက်က ရေစိုဖုန်တင်ဒဏ်ကို Samsung ရဲ့ ပရီမီယံဖုန်းတွေအတိုင်း IP68 rating ရတာပဲဖြစ်ပါတယ်။

Photo: The Verge

         အရောင်အနေနဲ့အနက် ၊ အဖြူ နှစ်ရောင်တည်း ရပြီး ဈေးနှုန်းနဲ့ဖြန့်ချိမယ့် ရက် တရားဝင် မကြေညာသေးပါဘူး။


ဆက်စပ်အကြောင်းအရာများ


Author

  • Nyein Min Wai

    Content Writer (Duwun Tech)


က္က