ဈေးအနည်းဆုံး 5G ဖုန်းတွေထဲက တစ်လုံးပါ

Vivo ဟာ တရုတ်ဈေးကွက်မှာ mid-range 5G ဖုန်းတစ်လုံး ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

Vivo Y51s ဟာ သူ့အရင် ထွက်ထားတဲ့ Vivo Y70s နဲ့ ဆင်တဲ့ specs တွေ သုံးထားတဲ့ mid-ranger တစ်လုံး ဖြစ်ပါတယ်။ မျက်နှာပြင် ၆.၅၃ လက်မဟာ FHD+ ရုပ်ထွက်ပါတဲ့ LCD screen ဖြစ်ပြီး punch-hole ဒီဇိုင်း သုံးထားပါတယ်။ display အ‌ပေါ်ဘယ်ထောင့် punch-hole ထဲမှာ 8MP selfie ကင်မရာ ပါရှိပါတယ်။ 



Photo: pricebaba


19.5:9 aspect ratio နဲ့ လာတဲ့ ဒီဖုန်းဟာ ကျောဘက်မှာ 48MP main sensor ပါ ထောင်လိုက်သုံးလုံးတန်း ကင်မရာ သုံးထားပါတယ်။ ဒီ main sensor နဲ့အတူ 2MP depth sensor နဲ့ 2MP macro lens တို့ ပါရှိပြီး 4K ရုပ်ထွက်ရှိတဲ့ ဗွီဒီယိုတွေ ရိုက်ကူးနိုင်မှာပါ။ ဘက်ထရီပါဝါဟာ 4500mAh ဖြစ်ပြီး microUSB port ကနေ 18W charging နဲ့ အားသွင်းနိုင်မှာ ဖြစ်ပါတယ်။

Vivo Y51s ဟာ Exynos 880 5G chipset သုံး 5G ဖုန်းဖြစ်ပြီး RAM 6GB/128GB storage ဗားရှင်းတစ်မျိုးတည်း ထွက်ထားပါတယ်။ လက်ဗွေဟာ side-mounted စတိုင် ဘေးဘောင်မှာ တပ်ဆင်ထားပါတယ်။ Android 10 ကို အခြေခံထားတဲ့ Funtouch OS 10.5 ဆော့ဖ်ဝဲလ်သုံးထားပြီး အနက် ၊ အပြာနဲ့ အဖြူ ကာလာ ၃ ရောင်နဲ့ လာပါတယ်။

ဈေးနှုန်းကတော့ ၁၇၉၈ ယွမ် (မြန်မာငွေ ၃ သိန်းခွဲခန့်) ကျသင့်မှာ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က