၁၃.၃ လက်မနဲ့၁၅.၆ လက်မ မော်ဒယ်နှစ်မျိုးနဲ့ထွက်ထားတာပါ

Apple ရဲ့ WWDC ပွဲနဲ့အချိန်ကိုက်ပြီး Samsung ဟာ မျက်နှာပြင် ၁၃ လက်မနဲ့၁၅ လက်မအရွယ် လက်ပ်တော့နှစ်မျိုးကို မိတ်ဆက်လိုက်ပါတယ်။


         Notebook 7 နဲ့Notebook 7 Force တို့ဟာ Samsung ရဲ့ ၁၃.၃ လက်မနဲ့၁၅.၆ လက်မအရွယ် Window 10 စနစ်သုံး လက်ပ်တော့တွေ ဖြစ်ပြီး MacBook Pro နဲ့အတော်လေးကို ဆင်နေပါတယ်။ diamond-cutting နဲ့လာပြီး ပိုပြီး ကျယ်ပြောလာတဲ့ trackpad နဲ့screen တစ်ဝိုက်မှာ ဘေး bezel တွေကို အတော်လေး ပါးထားပါတယ်။



trackpad ရဲ့ အောက်ခြေက screen ဖွင့်ဖို့ထားတဲ့ နေရာ cuttingဟာလည်း MacBook Pro တွေနဲ့တစ်ပုံစံတည်း ဖြစ်ပြီး keyboard ပေါ်မှာ သုံးထားတဲ့ font နဲ့screen wallpaper တို့ဟာလည်း Apple ရဲ့ လက်ရာနဲ့အတော်လေးကို ဆင်နေပါတယ်။

Photo: Laptop Mag

         ၁၅.၆ လက်မမော်ဒယ်မှာတော့ Numpad keys တွေအတွက်ပါ နေရာပေးထားပါတယ်။ Notebook 7 ဟာ USB 3.0 Port နှစ်ခု ၊ USB C port တစ်ခု ၊ HDMI နဲ့MicroSD card slotလိုမျိုး အသုံးဝင်တဲ့ ports တွေ အစုံ ထည့်သွင်းထားတာကြောင့် MacBook Pro လိုမျိုး ပြင်ပ monitor တွေနဲ့ချိတ်ဆက်ဖို့အတွက် dongles သုံးစရာ မလိုပါဘူး။ Notebook 7 နဲ့Notebook 7 Force တို့ဟာ 8th Gen Intel Core Processors ၊ RAM 8GB ၊ 1080p screens နဲ့လာပြီး ၁၅ လက်မမော်ဒယ်မှာ Nvidia GeForce MX250 နဲ့customize လုပ်နိုင်သလို storage ထပ်တိုးဖို့အတွက် ပြင်ပ SSD support ပေးထားပါတယ်။

         လက်ပ်တော့နှစ်မျိုးစလုံးဟာ ကီးဘုတ်ပေါ်မှာ အပြာရောင် fingerprint key နဲ့လာပါတယ်။ Notebook 7 Force ဟာ Nvidia GeForce GTX 1650 graphics ၊ 512GB PCle NVMe SSD ၊ RAM 16GB ၊ Ethernet port နဲ့storage ထပ်တိုးနိုင်မယ့် slots နှစ်ခု ပါရှိပြီး ဂိမ်းကစားဖို့နဲ့video editing သမားတွေအတွက် အဆင်ပြေစေမယ့် လက်ပ်တော့လည်း ဖြစ်ပါတယ်။ တစ်ခုရှိတာက ဘက်ထရီမှာတော့ 43Wh ပဲ သုံးထားတာ ဖြစ်လို့နောက်ဆုံးထွက်ထားတဲ့ MacBook Pro ၁၅ လက်မရဲ့ 83.6Wh နဲ့ယှဉ်ရင် battery life အတွက် စိုးရိမ်စရာလို့ဆိုရမှာပါ။

Photo: amanz

         Notbook 7 ၁၃ လက်မနဲ့၁၅ လက်မ လက်ပ်တော့တွေကို ဒေါ်လာ ၁၀၀၀ ဈေးကနေ စတင် ဝယ်ယူနိုင်မှာ ဖြစ်ပြီး Notebook 7 Force ကတော့ ၁၄၉၉ ဒေါ်လာဈေးကနေ စတင်ရောင်းချသွားမယ်လို့ဆိုပါတယ်။ ဒီလက်ပ်တော့တွေဟာ လာမယ့်ဇူလိုင် ၁၂ ရက်နေ့မှာ preorder မှာနိုင်မှာ ဖြစ်ပြီး ဇူလိုင် ၂၆ ရက်နေ့မှာ တရားဝင် ဖြန့်ချိသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က