၁၂၉၉ ဒေါ်လာနဲ့ စတင်ရောင်းချသွားမှာပါ

Keyboard သစ်နဲ့ storage မြှင့်ထားတဲ့ ၁၃ လက်မ MacBook Pro သစ်ကို Apple က ကြေညာလိုက်ပါတယ်။ 

MacBook Pro သစ်ဟာ Magic Keyboard သစ်ကို သုံးထားပြီး အရင်ထွက်ထားတဲ့ ၁၃ လက်မမော်ဒယ်တွေကို နည်းနည်းလေး အဆင့်မြှင့်လိုက်တာလို့ ဆိုရမှာပါ။ ဂရပ်ဖစ်စွမ်းဆောင်ရည် ၈၀% အထိ ပိုမြန်လာတဲ့ Iris Plus Grapic ၊ 4.1GHz အထိ မြှင့်နိုင်မယ့် Turbo Boost ပါ 10th Gen processor နဲ့ အတူ ပိုမို သွက်လက်တဲ့ 3733MHz memory standard သုံး 16GB memory နဲ့ ထွက်လာပါတယ်။ 




Photo: Apple Newsroom

အမြင့်ဆုံးမော်ဒယ်မှာ RAM 32GB အထိ ပါရှိမှာ ဖြစ်ပါတယ်။ ၁၃ လက်မအရွယ် Retina screen ဟာ တောက်ပမှုအနေနဲ့ 500 nits အထိ ပါရှိပါတယ်။ တစ်ခြား features တွေအနေနဲ့ စတီရီယိုစပီကာ ၊ Touch Bar ၊ T2 Security chip ၊ Force Touch feature စတာတွေ သုံးထားပါတယ်။ ၁၆ လက်မ အရွယ် MacBook Pro သစ်မှာ စတင်မိတ်ဆက်ခဲ့တဲ့ Magic Keyboard သစ်လည်း ပါရှိပါတယ်။ 

ကီးဘုတ်ပြဿနာရှိခဲ့တဲ့ MacBook Lineup အတွက် အကောင်းဆုံး Typing အတွေ့အကြုံပေးမယ်လို့ အာမခံထားတဲ့ ကီးဘုတ်ပါ။ Touch Bar နဲ့ Touch ID တို့နဲ့အတူ Magic Keyboard မှာ physical Escape Key တစ်ခုလည်း ပါရှိပါတယ်။ storage ဟာ base မော်ဒယ် 256GB ကနေ 4TB SSD အထိ အမြင့်ဆုံး ပါလာတာကလည်း အားရစရာ ဖြစ်ပါတယ်။

base မော်ဒယ် 256GB storage ဟာ ၁၂၉၉ ဒေါ်လာ (မြန်မာငွေ ၁၈ သိန်းကျော်) နဲ့ စတင်ရောင်းချသွားမှာ ဖြစ်ပြီး ပညာရေးသုံး မော်ဒယ်ကို ၁၁၉၉ ဒေါ်လာ (မြန်မာငွေ ၁၆ သိန်း ၈ သောင်းခန့်) ဈေးနဲ့ ရောင်းချသွားမှာပါ။ သီးသန့် Apple Store နဲ့ Apple တရားဝင် Reseller ဆိုင်တွေကိုတော့ ဒီတစ်ပတ်အကုန်မှာ ဝင်ဖို့ ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က