မြန်မာငွေ ၃၆ သိန်းခွဲ‌ဈေးနဲ့ စတင်ရောင်းချသွားမှာပါ
Nyein Min Wai

ပိုပြီး ပါးလွှာတဲ့ ဘေးဘောင်နဲ့ display အကြီးစားသုံး MacBook Pro သစ်ကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

အသစ် မိတ်ဆက်လိုက်တဲ့ MacBook Pro သစ်ဟာ ထုတ််လုပ်မှု ရပ်တန့်လိုက်ပြီ ဖြစ်တဲ့ ၁၅ လက်မမော်ဒယ်နေရာ ဝင်ရောက်လာတာပါ။ ၂၀၁၂ ခုနှစ်က မိတ်ဆက်ခဲ့တဲ့ ၁၇ လက်မ MacBook Pro နောက်ပိုင်း အရွယ်အစား အကြီးဆုံးမော်ဒယ်လည်း ဖြစ်ပါတယ်။

Photo: technobugg

MacBook Pro သစ်ဟာ ၁၅ လက်မမော်ဒယ်ထက် bezel ပိုပါးပြီး display ပိုကြီးလာပါတယ်။ တောက်ပမှု brightness မှာ 500 nits အထိ ရှိတဲ့ 3072 x 1920 pixel ရုပ်ထွက်နဲ့ လာပြီး keyboard ကို Magic Keyboard သစ်အဖြစ် ပြောင်းလာပါတယ်။ ကီးငြိတဲ့ ပြဿနာ ခဏခဏ တက်ခဲ့တဲ့ Butterfly Keyboard ပြဿနာကို Magic Keyboard သစ်နဲ့ ဖြေရှင်းလိုက်တာပါ။

ကီးဘုတ်ရဲ့ အပေါ်နားမှာ Touch Bar နဲ့အတူ physical Esc ကီး ပြန်သုံးလာပြီ ဖြစ်ပါတယ်။ အပေါ် Touch Bar ရဲ့ အဆုံးနားမှာ Touch ID sensor ထည့်ထားပါတယ်။ MacBook Pro သစ်ဟာ Intel ရဲ့ နောက်ဆုံးထွက် 9th Gen processor သုံးထားပြီး 6 core နဲ့ 8 core ဆိုပြီး ပါရှိပါတယ်။ base မော်ဒယ်ဟာ DDR4 RAM 16GB နဲ့ 512GB SSD storage ပါရှိပြီး အမြင့်ဆုံး RAM 64GB ၊ SSD storage 8TB အထိ ထွက်ထားပါတယ်။


၁၆ လက်မ မော်ဒယ် MacBook Pro သစ်ဟာ AMD ရဲ့ 7nm GPUs သစ်ကို သုံးထားပြီး 4GB VRAM default မှာ AMD Radeon Pro 5300M နဲ့ 5500M ဆိုပြီး ထွက်ထားသလို 8GB အထိလည်း upgrade မြှင့်နိုင်မှာပါ။ဒီ GPU သစ်ဟာ အရင်ထွက်ထားတဲ့ MacBook Pro မော်ဒယ်တွေထက် စာရင် ဗွီဒီယို တည်းဖြတ်မှုမှာ ၈၀% ပိုမြန်ဆန်ပြီး Fortnite လို ဂိမ်းမျိုး ကစားချိန်မှာ ၆၀% ပိုသွက်လာတယ်လို့ ဆိုပါတယ်။


Photo: laptopmag

ဘက်ထရီ 100Wh သုံးထားပြီး Web Browsing မှာ ၁၁ နာရီ အင်တာနက် သုံးနိုင်မယ်လို့ ကုမ္ပဏီက ကြေညာထားပါတယ်။ MacBook Pro သစ်ဟာ စပီကာ ၆ လုံး အသံစနစ်နဲ့လာပြီး မိုက်ခရိုဖုန်းတွေလည်း အဆင့်မြှင့်ထားပါတယ်။ ၁၆ လက်မ MacBook Pro သစ်တွေကို အမေရိကန်ဈေးကွက်က Apple ရဲ့ တရားဝင်အရောင်းဆိုင်တွေမှာ ဝယ်ယူနိုင်မှာ ဖြစ်ပြီး ၂၃၉၉ ဒေါ်လာ ( မြန်မာငွေ ၃၆ သိန်းခွဲခန့်) ဈေးကနေ စတင် ရောင်းချသွားမယ်လို့ ဆိုပါတယ်။

8 core i9 processor ၊ RAM 64GB/8TB SSD storage နဲ့ AMD Radeon Pro 5500M သုံးထားတဲ့ အမြင့်ဆုံး မော်ဒယ်ကို Apple အွန်လိုင်းစတိုးကနေ ၆၀၉၉ ဒေါ်လာ ( မြန်မာငွေ ၉၂ သိန်းခွဲခန့်) ဈေးနဲ့ရောင်းချသွားမှာပါ။


Author


က္က