ပြောင်းလဲမှုတစ်ချို့လုပ်ထားပါတယ်
Nyein Min Wai

flagship processor နဲ့33W fast charging သုံးထားတဲ့ Vivo iQOO Neo 855 ထွက်လာပြီ ဖြစ်ပါတယ်။

Gaming lineup အနေနဲ့မိတ်ဆက်ထားတဲ့ Vivo iQOO series ကနေ နောက်ဆုံးထွက်ထားတဲ့ Vivo iQOO Neo 855 ဟာ Snapdragon 845 processor သုံး Vivo iQOO Neo ကို ဗားရှင်းမြှင့်ထားတာပါ။ နာမည်အတိုင်းပဲ Vivo iQOO Neo 855 ဟာ Snapdragon 855 processor သုံးထားတာပါ။

Photo: GSMArena

ကျန်တဲ့ အချက်အလက်တွေအရ iQOO Neo နဲ့မကွာပါဘူး။ screen size ဟာ ၆.၃၈ လက်မ Super AMOLED panel ဖြစ်ပြီး Vivo iQOO Neo အတိုင်း waterdrop notch ၊ in-display fingerprint scanner တွေ ပါဝင်ပါတယ်။

Gaming focused ထားတဲ့ ဖုန်းဖြစ်လို့cooling system ပိုင်းမှာ အသေအချာ ဆင်ထားတဲ့ ဖုန်းပါ။ gaming ပိုင်းမှာ အငြိမ့်ညောင်းဆုံး အတွေ့အကြုံတွေ ခံစားနိုင်စေဖို့ဂရပ်ဖိုက်နှစ်လွှာအုပ်ထားတဲ့ အငွေ့အအေးခံစနစ် ထည့်ထားပါတယ်။ ဂိမ်းကစားချိန်မှာ performance ပိုကောင်းစေဖို့Game Magic Box တို့Game Space 2.5 တို့လို Boosters တွေလည်း ပါလာပါတယ်။

Vivo iQOO Neo 855 မှာ အပြောင်းအလဲတစ်ခုက အားသွင်းစနစ်ပါ။ 4500 mAh ဘက်ထရီသုံးထားပြီး 33W fast charging စနစ်ဖြစ်လို့မူရင်းထွက်ထားတဲ့ Neo ထက် အားသွင်းချိန်မှာ ၃၀% ပိုသွက်မှာပါ။ ကင်မရာကတော့ အပြောင်းအလဲ မရှိပါဘူး။

Photo: Pricebaba

ကျောဘက်မှာ 12MP ၊ 8MP wid-angle lens နဲ့2MP depth sensor ဆိုပြီး ကင်မရာ ၃ လုံးတွဲနဲ့အတူ ရှေ့ဘက်မှာ 12MP ဆယ်လ်ဖီကင်မရာ ပါဝင်လာပါတယ်။ အရောင်ကိုတော့ Purple ၊ Aurora White နဲ့Black ကာလာ သုံးရောင်နဲ့လာပြီး ဈေးနှုန်း ၄ စား ထွက်ထားပါတယ်။

RAM 6GB/64GB storage ကို ၁၉၉၈ ယွမ် ( မြန်မာငွေ ၄ သိန်း ၃ သောင်းကျော်) ၊ UFS 3.0 support ပေးထားတဲ့ တစ်ခြား ဗားရှင်း သုံးမျိုးထဲမှာ အမြင့်ဆုံးဖြစ်တဲ့ RAM 8GB/256GB storage ကို ၂၆၉၈ ယွမ် ( မြန်မာငွေ ၅ သိန်း ၈ သောင်းခွဲခန့်) ဈေးနဲ့ရောင်းချသွားမှာပါ။


က္က