Redmi K20 ကို နာမည်ပြောင်းထားတာများလား
Nyein Min Wai

မြန်မာငွေ ၅ သိန်းကျော် ဈေးကနေ စတင် ရောင်းချသွားမယ့် Xiaomi Mi 9T ကတော့ upper mid-ranger လို့ဆိုရမှာပါ။

         ဥရောပဈေးကွက်ကို ဦးတည် ထိုးဖောက်သွားမယ့် Xiaomi Mi 9T ဟာ တလောက ထွက်ရှိခဲ့တဲ့ Redmi K20 နဲ့ဆင်ပြီး specs လျှော့ထားတဲ့ မော်ဒယ်အနေနဲ့ပွဲထွက်လာတာ ဖြစ်ပါတယ်။ မျက်နှာပြင် ၆.၃၉ လက်မအရွယ် AMOLED screen အောက်မှာတော့ in-display လက်ဗွေနည်းပညာ ထည့်သွင်းထားပြီး notchless display သုံးထားတာပါ။ notch-free ဖြစ်သွားတဲ့ ဖုန်းတစ်လုံးအတွက် Xiaomi Mi 9T ရဲ့ ရွေးချယ်ချက်က pop-up ဆယ်လ်ဖီကင်မရာပဲ ဖြစ်ပါတယ်။



         Xiaomi Mi 9T အရင်ထွက်ထားတဲ့ Redmi K20 အတိုင်း 8nm Snapdragon 730 processor သစ်ကို သုံးထားတာဖြစ်လို့AI လုပ်ဆောင်ချက်မှာ Snapdragon 710 SoC ထက် နှစ်ဆမြန်ပြီး WiFi 6 နည်းပညာ နဲ့gaming ပိုင်းမှာလည်း HDR gaming support ပေးလာမှာပါ။ Xiaomi Mi 9T ဟာ RAM 6GB သုံးထားပြီး storage ကိုလည်း 64GB နဲ့256GB နှစ်မျိုး နဲ့ဝယ်ယူနိုင်မယ်လို့ဆိုပါတယ်။

         ကင်မရာမှာလည်း Redmi K20 / K20 Pro အတိုင်း ရှေ့ဘက်မှာ 20MP ကင်မရာနဲ့လာပြီး ကျောဘက်မှာ Sony IMX586 sensor ပါတဲ့ 48MP primary ကင်မရာ ၊ 2x optical zoom ဆွဲရိုက်နိုင်မယ့် 8MP telephoto lens နဲ့၁၂၄ ဒီဂရီ မြင်ကွင်းကျယ် ရိုက်ကူးနိုင်တဲ့ 13MP wide-angle ကင်မရာတို့သုံးထားပါတယ်။ ဒီကင်မရာတွေဟာ ဖုန်းကျောဘက်အလယ်မှာ ထောင်လိုက် Settings အနေနဲ့ထုတ်ထားတာ ဖြစ်ပါတယ်။ ဆော့ဖ်ဝဲလ်ကတော့ Android 9 Pie ကို အခြေခံထားတဲ့ MIUI 10 ဖြစ်ပါတယ်။

Photo: GSMArena

         ဘက်ထရီပါဝါမှာ 4000 mAh ပါလာပြီး Redmi K20 Pro လိုတော့ 27W fast charging မသုံးဘဲ 18W fast charging နဲ့လာပါတယ်။ Game Turbo 2.0 support ၊ dual-nano SIM စနစ် ပါဝင်ပါတယ်။ အနက် အနီ ၊ အပြာ ကာလာ ၃ ရောင်နဲ့ထွက်ထားတဲ့ Xiaomi Mi 9T ကို ဥရောပဈေးကွက်မှာ Amazon နဲ့Xiaomi ဝက်ဘ်ဆိုက်တွေကနေ ဝယ်ယူနိုင်ပြီး အနိမ့်မော်ဒယ်ကို ၂၉၉ ယူရို ( မြန်မာငွေ ၅ သိန်းကျော်) နဲ့အမြင့်မော်ဒယ် RAM 6GB/128GB storage ကို ၃၉၉ ယူရို ( မြန်မာငွေ ၇ သိန်းခန့်) ဈေးတွေနဲ့ရောင်းချသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ


Author


က္က