5G ဖုန်းတစ်လုံးလည်း ပါပါတယ်

စမတ်ဖုန်းသစ်တွေ မမြင်တာ ကြာပြီ ဖြစ်တဲ့ HTC ဟာ စိတ်ဝင်စားစရာ ဖုန်းမော်ဒယ်နှစ်မျိုး ကြေညာသွားပါတယ်။

HTC ဟာ HTC U20 5G နဲ့ Desire 20 Pro ဆိုပြီး ဖုန်းနှစ်မျိုးစလုံးကို ထိုင်ဝမ်ဈေးကွက်မှာ စတင်မိတ်ဆက်သွားခဲ့တာပါ။ ဖုန်းနှစ်လုံးစလုံးဟာ punch hole ကင်မရာ ၊ Quad lens ကင်မရာစနစ်နဲ့ 5000 mAh အကြီးစားဘက်ထရီ သုံးထားပါတယ်။ ဖုန်းနှစ်လုံးစလုံးဟာ ကျောဘက်မှာ လက်ဗွေစနစ် သုံးထားပြီး NFC support ပေးထားတာ ဖြစ်ပါတယ်။ Android စနစ်ပဲ သုံးထားပြီး microSD card ကနေ storage ထပ်မြှင့်နိုင်မှာပါ။





HTC U20 5G ဟာ ၆.၈ လက်မ FHD+ LCD display နဲ့ လာပြီး 20:9 aspect ratio သုံးထားပါတယ်။ ၂၁၅ ဂရမ်အထိ လေးတဲ့ 5G ဖုန်းလည်း ဖြစ်ပါတယ်။ HTC U20 5G ဟာ mid-range 5G processor ဖြစ်တဲ့ Snapdragon 756G SoC သုံးထားတာပါ။ RAM/storage ဟာ 8GB/256GB နဲ့ လာပြီး punch hole ကင်မရာထဲမှာ 32MP selfie ကင်မရာ ပါရှိပါတယ်။ 

ကျောဘက်မှာ 48MP main sensor ၊ 8MP ultrawide ၊ 2MP macro lens နဲ့ 2MP depth sensor ဆိုပြီး ထောင်လိုက် လေးလုံးတွဲကင်မရာ သုံးထားပါတယ်။ 5000mAh ဘက်ထရီဟာ 18W charging နဲ့ အားသွင်းနိုင်မှာ ဖြစ်ပါတယ်။ HTC U20 5G ဟာ Quartz Green နဲ့ Crystal White ကာလာ နှစ်မျိုးနဲ့ လာပြီး ထိုင်ဝမ်ဒေါ်လာ ၁၈၉၉၀ (မြန်မာငွေ ၉ သိန်းခန့်) ဈေးနဲ့ ဇူလိုင် ၁ ရက်နေ့မှာ pre-order မှာနိုင်မှာပါ။


HTC Desire 20 Pro (Photo:Gizmochina)

HTC Desire 20 Pro ဟာ မျက်နှာပြင် ၆.၅ လက်မ FHD+ LCD display သုံးထားပြီး Snapdragon 665 SoC နဲ့ ထွက်ရှိထားတာ ဖြစ်ပါတယ်။ RAM 6GB/128GB storage နဲ့ ထွက်ထားပြီး ကျောဘက် Quad Camera ဟာ HTC U20 5G မော်ဒယ်နဲ့ တစ်ပုံစံတည်း သုံးထားတာပါ။ punch-hole ဆယ်လ်ဖီကင်မရာကတော့ 25MP ကင်မရာဖြစ်ပြီး HTC U20 5G နဲ့ မတူတာက 3.5mm headphone jack ပါလာတာ ဖြစ်ပါတယ်။

Crystal Black နဲ့ Clear Blue ကာလာများနဲ့ ထွက်ထားပြီး ထိုင်ဝမ်ဒေါ်လာ ၈၉၉၀ (မြန်မာငွေ ၄ သိန်းကျော်) ဈေးနဲ့ ဇွန်လ ၁၈ ရက်နေ့ ထိုင်ဝမ်မှာ ဖြန့်ချိသွားမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က