Snapdragon 845 SoC နဲ့လာတာပါ။

၂၀၁၈ ထွက် flagship processor သုံးပြီး mid-range price ဈေးနဲ့ရောင်းချမယ့် Vivo iQOO Neo မော်ဒယ်သစ်ကို ဈေးကွက်မှာ မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

         Vivo ဟာ ၂၀၁၉ ဖေဖော်ဝါရီလထဲမှာ ကုမု္ပဏီရဲ့ Sub-Brand သစ် ဖြစ်တဲ့ iQOOO ကို မိတ်ဆက်ခဲ့ပြီး မတ်လထဲမှာ ပရီမီယံ Gaming စမတ်ဖုန်း ဖြစ်တဲ့ Vivo iQOO ဖုန်းသစ်ကို ကြေညာခဲ့ပါတယ်။ Vivo iQOO ဟာ Qualcomm ရဲ့ နောက်ဆုံးပေါ် Snapdragon 855 processor နဲ့လာပြီး RAM ပမာဏကို 6GB ကနေ 12GB အထိ သုံးမျိုး ထုတ်ထားခဲ့တာပါ။



Photo: GSMArena

         Vivo iQOO Neo ကတော့ ဈေးပို သက်သာတဲ့ Lite ဗားရှင်းလို့ပြောနိုင်ပြီး processor ကိုလည်း ၂၀၁၈ ခုနှစ်ရဲ့ အကောင်းဆုံး Snapdragon 845 SoCနဲ့လာပါတယ်။ Ram / Storage ကိုတော့ 6GB/64GB နဲ့8GB/128GB ဆိုပြီး ဗားရှင်း ၂ ခု ထွက်ထားပါတယ်။ ဒီဖုန်းဟာလည်း သူ့အရင် ထွက်ထားတဲ့ Vivo iQOO လိုပဲ Gaming ဖုန်း ပါ။

         မိုဘိုင်းဂိမ်းသမားတွေအတွက် Vivo iQOO Neo ဟာ ဂရပ်ဖိုက်နှစ်လွှာအုပ်ထားပြီး အငွေ့အအေးခံစနစ် ထည့်သွင်းထားပါတယ်။ ဒီ Cooling System ကြောင့် တစ်ခြား Snapdragon 845 processor သုံး ဖုန်းတွေထက် အပူချိန်ကို ၃ ဂရီ ဆဲလ်စီးယပ်စ်ထိ ရောက်အောင် လျှော့ချပေးနိုင်မယ်လို့ဆိုပါတယ်။ နောက်တစ်ခုကတော့ ဂိမ်းကစားရာမှာ စွမ်းဆောင်ရည်ပိုကောင်းစေမယ့် Boosters တွေ ထည့်ထားတာပါပဲ။

         Vivo iQOO Neo မှာ AI Turbo ၊ Center Turbo ၊ Net Turbo ၊ Cooling Turbo စတဲ့ Turbo နည်ပညာပေါင်းစုံ ပါပြီး ဒီ features တွေဟာ Multi-Turbo ဆိုတဲ့ နာမည်အောက်မှာ ရှိမှာပါ။ ဖုန်း screen ထိတွေ့တုန့်ပြန်မှုကိုလည်း မြှင့်ထားတာ ဖြစ်လို့ဂိမ်းကစားတာ ၊ ဖုန်းသုံးရာမှာ ထစ်နေတာ ဖြစ်မှာ မဟုတ်ဘူးလို့ကုမ္ပဏီက ကြေညာထားပါတယ်။

Photo: soyacincau

         ဘက်ထရီပါဝါဟာ အရင်က 4000 mAh ကနေ အခု Neo ဗားရှင်းမှာ 4500 mAh ဘက်ထရီကို ပြောင်းသုံးထားပြီး မိနစ် ၃၀ အားသွင်းရုံနဲ့အား ၅၀% ဝင်စေမယ့် 22.5W vivo FlashCharge နည်းပညာ ပံ့ပိုးပေးထားပါတယ်။ ဆော့ဖ်ဝဲလ်ပိုင်းမှာ Android 9 Pie ကို အခြေခံထားတဲ့ Funtouch OS 9 နဲ့လာတာပါ။

         မျက်နှာပြင် ၆.၃၈ လက်မ OLED display သုံးထားတဲ့ Vivo iQOO Neo ဟာ အရင် Vivo iQOO လိုပဲ waterdrop notch နဲ့လာပြီး မှန်ပြင်အောက် လက်ဗွေနည်းပညာ ပါဝင်လာပါတယ်။ ကျောဘက်မှာ 12MP ၊ 8MP wid-angle lens နဲ့2MP depth sensor ဆိုပြီး ကင်မရာ ၃ လုံးတွဲနဲ့အတူ ရှေ့ဘက်မှာ 12MP ဆယ်လ်ဖီကင်မရာ ပါဝင်လာပါတယ်။

         အနက် ၊ ခရမ်း ကာလာနှစ်ရောင်နဲ့လာတဲ့ ဒီဖုန်းကို ၁၇၉၈ ယွမ် ( မြန်မာငွေ ၃ သိန်း ၉ သောင်းကျော်) ဈေးနဲ့စတင်ရောင်းချသွားမှာ ဖြစ်ပြီး အမြင့် မော်ဒယ် RAM 8GB ကိုတော့ ၂၂၉၈ ယွမ် ( မြန်မာငွေ ၅ သိန်းခန့်) ဈေးနဲ့ရောင်းချသွားမယ်လို့ကြေညာထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က