dual cameras တွေနဲ့လာတဲ့ ဖုန်းပါ

တန်ဖိုးနည်းဖုန်း brand တစ်ခုဖြစ်တဲ့ Alcatel ဟာ CES ပွဲနဲ့အတူ နောက်ထပ် ဘက်ဂျက်မော်ဒယ် ဖုန်းသစ် နှစ်မျိုးကို ကြေငြာလာပြီ ဖြစ်ပါတယ်။

Photo:techandroids



         Alactel 1 ရဲ့ အဆက်အဖြစ် Alcatel 1x နဲ့Alcatel 1C ဆိုပြီး ၂၀၁၉ မော်ဒယ်သစ် နှစ်မျိုးထွက်လာတာပါ။ CES 2019 ပွဲမှာ ပထမဆုံးမိတ်ဆက်လိုက်တဲ့ တန်ဖိုးအနည်းဆုံး စမတ်ဖုန်းတွေဆိုလည်း မမှားပါဘူး။ ဒီထဲမှာ Alcatel 1C ကတော့ Android Go Edition နဲ့ထုတ်ထားတဲ့ မော်ဒယ်ဖြစ်ပြီး Alcatel 1x ကတော့ dual cameras ၊ fingerprint scanner တွေ ပါဝင်တဲ့ ပိုပြီးအရည်အသွေးမြင့်တဲ့ ဖုန်းတစ်လုံးလို့ပြောနိုင်ပါတယ်။

         Alcatel 1x (2019) မော်ဒယ်ဟာ အရင်နှစ်က Alcatel 1 ထက် မျက်နှာပြင်ပိုကြီးပြီး ရုပ်ထွက်ပိုမြင့်တဲ့ ဖုန်းပါ။ မျက်နှာပြင် ၅.၅ လက်မ 720p dipslay နဲ့လာတဲ့ ဒီဖုန်းဟာ 2.5D Dragontrail glass အုပ်ထားပြီး ကျောဘက်မှာ သတ္ထုကာဗာပါရှိပါတယ်။ performance ပိုင်းမှာ အရင်မော်ဒယ်အတိုင်းquad core MediaTek MT6739 So နဲ့လာပေမယ့် clock speed ပိုင်းမှာ အရင် 1.3GHz နှုန်းထက် မြန်တဲ့ 1.5GHz သုံးထားပါတယ်။

         ဘက်ဂျက်ဖုန်းဖြစ်တဲ့အတိုင်း Alcatel 1x ဟာ RAM/storage ကို များများ စားစား သုံးမထားပါဘူး။ RAM 2GB/16GB storage ပဲ ပါရှိပေမယ့် storage ကို microSD card ကနေ 128GB အထိ တိုးနိုင်မှာကလည်း မဆိုးဘူးလို့ဆိုနိုင်တဲ့ အချက်ပါ။ နောက်ထပ် ကောင်းတဲ့ အပိုင်းက OS စနစ်ပိုင်းမှာ Android 8.1 Oreo နဲ့လာပြီး ဘက်ထရီပါဝါကို screen နဲ့လိုက်အောင် 3000 mAh ဘက်ထရီ သုံးသွားတာ ဖြစ်ပါတယ်။

         ကျောဘက်မှာ fingerprint scanner နဲ့အတူ 13MP+2MP dual cameras တွေ ပါလာပါတယ်။ dual cameras စနစ်ကြောင့် portrait mode ရိုက်ချက်တွေ ရိုုက်နိုင်မှာပါ။ ရှေ့ဘက်မှာ သုံးထားတဲ့ 5MP ကင်မရာကလည်း ဆယ်လ်ဖီဆွဲရုံတင်မဟုတ်ဘဲ မျက်နှာနဲ့ဖုန်းကို လော့ခ်ဖွင့်နိုင်မယ့် Face Unlock စနစ်ပါ ပါလာတာကလည်း ဒီဖုန်းရဲ့ အားသာချက်တစ်ခု ဖြစ်နေပါတယ်။

Photo: CNET

         အာရှ ၊ ဥရောပ ၊ မြောက်အမေရိက ၊ အရှေ့အလယ်ပိုုင်းနဲ့အာဖရိကဈေးကွက်ထဲကို ဒီဖုန်းဟာ Pebble blue နဲ့pebble black ကာလာတွေနဲ့ဖြန့်ချိသွားမှာပါ။ ဈေးနှုန်းကတော့ ၁၂၀ ဒေါ်လာ (မြန်မာငွေ ၁ သိန်း ၈ သောင်းခန့်) ဈေးနဲ့ရောင်းချသွားမယ်လို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က