ဈေးအချိုဆုံး blockchain ဖုန်းပါ
Nyein Min Wai

cryptocurrency အရောင်းအဝယ် ဖလှယ်တာတွေ လုပ်နိုင်မယ့် တန်ဖိုးနည်း Blockchain ဖုန်းသစ်တစ်မျိုးကို HTC က ကြေညာလိုက်ပါတယ်။

ထိုင်ဝမ်စမတ်ဖုန်းထုတ်လုပ်သူ HTC ဟာ Exodus 1s နာမည်နဲ့Blockchain ဖုန်းသစ် ကြေညာသွားတာ ဖြစ်ပြီး ဒီဖုန်းဟာ သူ့အရင် ထွက်ထားတဲ့ Exodus 1 ကို နှိမ့်ထားတဲ့ ဗားရှင်းငယ်လို့ဆိုနိုင်ပါတယ်။ Exodus 1 တုန်းက စစချင်း Bitcoin ဝ.၁၅ တန်ဖိုးနဲ့ရောင်းချခဲ့တာပါ။

Photo: Tech Crunch


လက်ရှိပေါက်ဈေးအရဆိုရင်ကို Exodus 1 ဟာ ဒေါ်လာ ၁၁၉၀ ကျော်ပေါက်တာကြောင့် Samsung နဲ့Apple တို့ရဲ့ အမြင့်ဆုံး ဖုန်းမော်ဒယ်တွေရဲ့ ဈေးနီးပါး ဖြစ်ပါတယ်။ နောက်ပိုင်းမှာောတ့ ဆက်တိုက် ဈေးချလာခဲ့ရာကနေ Exodus 1 ဟာ ဒေါ်လာ ၇၀၀ ဈေးနဲ့ရောင်းလာခဲ့ပါတယ်။ Exodus 1s ကတော့ အများကြီး ဈေးပိုသက်သာပါတယ်။

HTC ဟာ Exodus 1s ကို ၂၁၉ ယူရို ( မြန်မာငွေ ၃ သိန်း ၇ သောင်းခန့်) ဈေး ဒါမှမဟုတ် ဒီငွေတန်ဖိုးနဲ့ညီတဲ့ cryptocurrency နဲ့ရောင်းချတာပါ။ Exodus 1s ဟာ cryptocurrency ပိုင်းနဲ့ဆိုင်တဲ့ digital assets တွေ ရောင်းဝယ်ငှား လုပ်နိုင်မယ့် ထုတ်ကုန်ဖြစ်ပြီး HTC ရဲ့ ကိုယ်ပိုင် sales target ပါ ရတဲ့ ဖုန်းဖြစ်တယ်လို့ဆိုပါတယ်။

နောက်ထပ် ထူခြားချက်ကတော့ ဒီဖုန်း ဝယ်သူတွေကို bitcoin blockchain တွေ သိမ်းဖို့400GB ရှိတဲ့ memory card တစ်ခုလည်း ပေးသွားမှာပါ။ ဒါကတော့ ဖုန်းကနေ ဝယ်ရောင်းလုပ်ထားတဲ့ bitcoin တွေကို ဒီဂျစ်တယ်စာရင်းဇယားတစ်ခုလုပ်နေမှာ ဖြစ်သလို bitcoin ကွန်ရက်ပေါ်က လွဲှပြောင်းတာတွေကိုပါ အတည်ပြုနိုင်မှာပါ။


Photo: GSMArena

၂၀၁၉ ထွက် ဖုန်းတစ်လုံးအနေနဲ့Exodus 1s ရဲ့ hardware ပိုင်းဟာ သိပ်အထင်ကြီးစရာ မပါပါဘူး။ မျက်နှာပြင် ၅.၇ လက်မ HD+ display နဲ့လာတဲ့ ဖုန်းဟာ Snapdragon 435 SoC ၊ RAM 4GB/64GB storage နဲ့လာပြီး ကျောဘက်နဲ့ရှေ့ဘက်မှာ 13MP ကင်မရာတစ်လုံး စီ ပါပါတယ်။

ဒီကင်မရာတွေဟာ LED flash ပါပေမယ့် autofocus မရသလို OS ကလည်း ၂၀၁၈ ထွက် Android 8.1 ကို အခြေခံထားတဲ့ Makes Sense ဖြစ်ပါတယ်။ 3000 mAh ဘက်ထရီ သုံးထားပြီး Dual SIM သုံးနိုင်မယ့် ဒီဖုန်းကို ဥရောပ ၊ ထိုင်ဝမ် ၊ ဆော်ဒီအာရေဗျနဲ့ယူအေအီးတို့မှာ အရင်ဆုံး ဖြန့်ချိသွားမယ်လို့ဆိုပါတယ်။


က္က