4000 mAhဘက်ထရီသုံးထားပါတယ်

     mid-range processor နဲ့အကြီးစားဘက်ထရီ သုံးထားတဲ့ Redmi 7 ကို ဈေးကွက်မှာ မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

         Redmi 7 ဟာ Xiaomi ရဲ့ အစဉ်အလာအတိုင်း ဈေးနည်းပြီး အရည်အသွေးသင့်တင့်တဲ့ ဖုန်းတစ်လုံးအဖြစ် ဈေးကွက်ထဲ ရောက်လာတာပါ။ မျက်နှာပြင်အရွယ်အစားကို ခေတ်နဲ့ညီအောင် ၆.၂၆ လက်မ HD+ display နဲ့လာပြီး အကြမ်းခံမှုမြင့်မားတဲ့ Gorilla Glass 5 အုပ်ထားတာ ဖြစ်ပါတယ်။ တော်ရုံ မိုးရေစင်တာ စိုတာကို ကာကွယ်နိုင်စေဖို့Xiaomi ဟာ p2i ရေစိုခံတဲ့ coating နည်းပညာ သုတ်ထားတယ်လို့ဆိုပါတယ်။



Photo:gizchina

         Xiaomi ဟာ Redmi 7 ရဲ့ ဒီဇိုင်းကို Redmi Note 7 စတိုင် waterdrop notch သုံးထားပြီး ကျောဘက်မှာ ထောင်လိုက် dual lens နဲ့fingerprint scanner တပ်ဆင်ပေးထားပါတယ်။ မှန်ပြင်ကိုလည်း သုံးစွဲသူရဲ့ မျက်လုံးကို အလင်းတွေ မစူးစေမယ့် eye protection screen တစ်ခု သုံးထားတယ်လို့ဆိုပါတယ်။ processor ကိုတော့ ပြီးခဲ့တဲ့ နှစ်လယ်ပိုင်းက မိတ်ဆက်ထားတဲ့ Snapdragon 632 SoC သုံးထားပြီး RAM/storage ဗားရှင်းကို အနည်းဆုံး 2GB/16GB ကနေ 4GB/64GB ဆိုပြီး သုံးမျိုး မိတ်ဆက်လိုက်တာပါ။

         Redmi 7 ဟာ buget ဈေးနဲ့လာတဲ့ ဖုန်းဖြစ်ပေမယ့် ကင်မရာကိုတော့ dual lens သုံးတာ အတော်လေး ခေတ်မီတယ်လို့ပြောနိုင်ပါတယ်။ ကျောဘက်မှာ 12MP ပင်မကင်မရာ နဲ့2MP depth sensor ဆိုပြီး ထောင်လိုက်ကင်မရာ နှစ်လုံးနဲ့လာတာပါ။ ရှေ့ဘက် waterdrop notch ထဲမှာ Face Unlockစနစ် သုံးနိုင်တဲ့ 8MP ကင်မရာ ပါရှိပါတယ်။ နောက်ထပ် စိတ်ဝင်စားစရာက ဘက်ထရီပါ။

Photo: androidauthority

         Xiaomi ဟာ တန်ဖိုးသင့်ဖုန်းတွေမှာ အကြီးစား ဘက်ထရီပါဝါကို ဆက်တိုက်သုံးလာပြီ ဖြစ်ပါတယ်။ Redmi 7 မှာလည်း 4000 mAhဘက်ထရီ ပါပြီး AI power saving စနစ်တွေနဲ့အတူ ဘက်ထရီပါဝါအစား သက်သာစေဖို့hardware နဲ့software စနစ်ပေါင်း ၃၀ ကျော် သုံးထားပါတယ်။ dual SIM သုံးနိုင်တဲ့ ဒီဖုန်းဟာ microSD card ကနေ 512GB အထိ ထပ်တိုးနိုင်အောင်လည်း စီစဉ်ထားပါတယ်။

         Redmi 7 ဟာ အနက်၊ အပြာနဲ့အနီ ကာလာ ၃ ရောင်နဲ့လာပြီး အနိမ့်ဆုံးမော်ဒယ်ကို ၆၉၉ ယွမ် (မြန်မာငွေ ၁ သိန်း ၆ သောင်းခန့်) ဈေးကနေ စတင်ရောင်းချသွားမှာပါ။ အမြင့်မော်ဒယ်နှစ်ခု ဖြစ်တဲ့ 3GB/32GB နဲ့4GB/64GB တို့ကို ၇၉၉ ယွမ် (မြန်မာငွေ ၁ သိန်း ၈ သောင်းခန့်) နဲ့၉၉၉ ယွမ် (မြန်မာငွေ ၂ သိန်း ၃ သောင်းခန့်) ဈေးတွေနဲ့ရောင်းချသွားမယ်လို့ကြေညာထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က