Android One ဖုန်းပါ

Android Q update တင်နိုင်မယ့် ဈေးအနည်းဆုံး ဘက်ဂျက်ဖုန်းတစ်မျိုးကို Nokia မှ မိတ်ဆက်လိုက်ပါတယ်။


         HMD Global ကုမ္ပဏီဟာ Android One ဖုန်းတစ်လုံးအနေနဲ့Nokia 2.2 ကို ကြေညာလိုက်တာ ဖြစ်ပါတယ်။ ပိုလီကာဘွန်နိတ်ဒီဇိုင်းနဲ့လာတဲ့ Nokia 2.2 ဟာ Android One ဖုန်းတွေထဲမှာ တန်ဖိုးအနည်းဆုံးလို့ပြောနိုင်တဲ့ ဈေးနဲ့ထွက်ထားတာပါ။ ဒီဇိုင်းပိုင်းမှာ လက်ရှိစမတ်ဖုန်းလောကမှာ ခေတ်စားနေတဲ့ waterdrop notch နဲ့လာပြီး မျက်နှာပြင် ၅.၇၁ လက်မ ပါရှိပါတယ်။



Photo: Android Central

         Nokia 2.2 ဟာ Android One ပရောဂျက်နဲ့ထွက်ထားတဲ့ ဖုန်းဖြစ်လို့Google stock Android စနစ် သုံးနိုင်မယ့် ဖုန်းဖြစ်ပြီး လက်ရှိမှာ Andorid 9 Pie နဲ့ထွက်ထားပါတယ်။ HMD Global ကတော့ security updates ကို အနည်းဆုံး ၃ နှစ် အာမခံထားပြီး OS update ကို ၂ နှစ်အာမခံထားတာကြောင့် Nokia 2.2 ဟာ မကြာခင် ထွက်လာမယ့် Android Q ကို အပြည့်အဝ support ပေးနိုင်မှာပါ။ ဖုန်းရဲ့ ဘယ်ဘက်ဘောင်မှာလည်း Google Assistant ခလုတ်တစ်ခု ထည့်ပေးထားလို့Google ရဲ့ အသံစေခိုင်းမှု နည်းပညာကို သုံးနိုင်မှာ ဖြစ်ပါတယ်။

         ဒီဖုန်းဟာ quad core CPU တစ်ခု ဖြစ်တဲ့ Helio A22 chipset နဲ့လာပြီး RAM အနေနဲ့2GB နဲ့3GB ဗားရှင်း နှစ်မျိုး ရှိမှာပါ။ onboard storage လည်း 16GB/32GB နှစ်မျိုးနဲ့လာပြီး microSD card ကနေ storage ထပ်တိုးနိုင်မယ်လို့ဆိုပါတယ်။ အားသွင်းရာမှာလည်း microUSB ကနေ အားသွင်းနိုင်မှာ ဖြစ်ပြီး ဘက်ထရီကတော့ လိုသလို ဖြုတ်/တပ်နိုင်တဲ့ 3000 mAh ဘက်ထရီ ဖြစ်ပါတယ်။ ဖုန်းလုံခြုံရေးအတွက် fingerprint scanner မပါပေမယ့် AI Face Unlock သုံးပြီး ဖုန်း လော့ခ်အဖွင့်အပိတ် လုပ်နိုင်မှာပါ။


Photo: xda-developers

         ကျောဘက်မှာ LED flash နဲ့အတူ 13MP ကင်မရာတစ်လုံးပါပြီး ရှေ့ဘက်မှာ 5MP selfie ကင်မရာ သုံးထားပါတယ်။ ဒီကင်မရာတွေဟာ AutoHDR စနစ်နဲ့ရိုက်ကူးနိုင်သလို အလင်းသိပ်မရတဲ့ နေရာတွေမှာ အလင်းအားဖြည့်ပေးတဲ့ Low-Light Image Fusion နည်းပညာ သုံးထားတယ်လို့ဆိုပါတယ် ။အရောင်အနေနဲ့Nokia 2.2 ကို အနက်နဲ့စတီးကာလာနှစ်ရောင်နဲ့ဝယ်နိုင်ပြီး အိန္ဒိယဈေးကွက်မှာ လာမယ့် ဇွန် ၁၁ ရက်နေ့က စတင်ရောင်းချသွားမှာပါ။

         ဈေးနှုန်းကိုတော့ အနိမ့်ဆုံး RAM 2GB/16GB storage ဗားရှင်းကို ၆၉၉၉ ရူပီး ( မြန်မာငွေ ၁ သိန်းခွဲကျော်) နဲ့RAM 3GB/32GB storage ဗားရှင်းကို ၇၉၉၉ ရူပီး ( မြန်မာငွေ ၁ သိန်း ၇ သောင်းကျော်) ဈေးနဲ့ရောင်းချသွားမှာ ဖြစ်ပြီး ကမ္ဘာ့ဈေးကွက်မှာ ဖြန့်မယ့်ရက် မကြေညာသေးပါဘူး။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က