Realme ရဲ့ ပထမဆုံး စမတ်လက်ပတ်ဖြစ်တဲ့ Realme Band ကတော့ ဈေးသက်သာတဲ့ ဘက်ဂျက် Smartband တစ်ခုအဖြစ် ထွက်လာပြီ ဖြစ်ပါတယ်။

Realme Band ဟာ ၀.၉၆ လက်မ Color display နဲ့ လာပြီး 80x 160px resolution ပါရှိပါတယ်။ သတင်းတွေ ထွက်ထားတဲ့အတိုင်း display အောက်ခြေမှာ screen ကို ထိန်းချုပ်စေခိုင်းနိုင်မယ့် အဝိုင်းပုံ touch button တစ်ခု ထည့်ပေးထားပါတယ်။ sensor ဟာ လက်ကောက်ဝတ်မြှောက်ကြည့်လိုက်ချိန်မှာ Screen ကို နှိုးပေးသွားမှာပါ။



Photo: Gadgets NDTV

Watch Face စတိုင်ကိုလည်း Realme Link app ကနေတစ်ဆင့် ၅ မျိုးပြောင်းလို့ ရမှာ ဖြစ်ပြီး app အားလုံးနီးပါးရဲ့ noti တွေ ထောက်ပံ့ပေးထားပါတယ်။ ပုံမှန် Fitness Wearable တွေလိုပဲ နှလုံးခုန်နှုန်းစောင့်ကြည့်တာ ၊ Sleep Tracking လုပ်တာ ၊ ထပြီး လမ်းလျှောက်ဖို့ သတိပေးတာတွေ ပါဝင်ပါတယ်။

Realme Band ဟာ IP68 rating ရေစိုခံပြီး ခရစ်ကတ်ကစားနည်းအပါအဝင် Sports mode ၉ မျိုး ထောက်ပံ့ထားပါတယ်။ အားသွင်းတာကိုတော့ band မှာပဲ တစ်ခါတည်း ပါလာပြီး 90mAh ဘက်ထရီဟာ နှလုံးခုန်နှုန်း တိုင်းတာတဲ့ စနစ် ဖွင့်လျက်သား ၁၀ ရက်အထိ အားခံမယ်လို့ ဆိုပါတယ်။ အားသွင်းရင်တော့ ၁ နာရီ ၄၇ မိနစ် အချိန်ယူပါတယ်။

အရောင်အနေနဲ့ အနက် ၊ သံလွင်စိမ်းနဲ့ အဝါရောင် ကာလာ ၃ မျိုး နဲ့ ထွက်ထားပြီး ၁၄၉၉ ရူပီး (မြန်မာငွေ ၂ သောင်း ၈ ထောင် ဝန်းကျင်) ဈေးနဲ့ အိန္ဒိယမှာ စတင်ရောင်းချသွားမှာပါ။ တစ်ခြားဈေးကွက်တွေကိုလည်း နောက်လတွေမှာ မိတ်ဆက်သွားမယ်လို့ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က