Optical Heart rate sensor ပါရှိပါတယ်

Redmi ရဲ့ ပထမဆုံး fitness tracker ဖြစ်တဲ့ Redmi Band ကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။


ကိုယ်ပိုင်အမှတ်တံဆိပ်အဖြစ် ခွဲထွက်လာပြီးနောက် Redmi ဟာ စမတ်ဖုန်း ၊ routers ၊ IoT ထုတ်ကုန်နဲ့ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေ ထုတ်လုပ်လာပါတယ်။ Redmi ဟာ TV နဲ့ အဝတ်လျှော်စက်တွေအပါအဝင် ထုတ်ကုန်သစ် ၂၂ မျိုးအထိ ထုတ်လုပ်သွားဖို့ စီစဉ်နေပါတယ္။ ဒီတစ်ခေါက်မှာတော့ ကုမ္ပဏီရဲ့ ပထမဆုံး စမတ်လက်ပတ်ဖြစ်တဲ့ Redmi Band ကို ကြေညာလိုက်တာ ဖြစ်ပါတယ်။ 




Photo: explica

Redmi Band ဟာ စတုဂံပုံစံ ၁.၀၈ လက်မ Color Display နဲ့ လာပြီး ဒီဇိုင်းပိုင်းမှာ Huaweiနဲ့ Honor Bands တွေနဲ့ ဆင်တူပါတယ်။ ပြိုင်ဘက် စမတ်လက်ပတ်တွေလိုပဲ တိုက်ရိုက် USB charging စနစ် ပံ့ပိုးထားပြီး ဘက်ထရီဟာ တစ်ခါအားသွင်းထားတာနဲ့ ၁၄ ရက် အသုံးခံမယ်လို့ ဆိုပါတယ်။ စမတ်လက်ပတ်ဖြစ်တဲ့အတိုင်း fitness features တွေ ပါရှိပါတယ်။

အားကစားလုပ်သူတွေအနေနဲ့ sports mode ၅ ခု ပါရှိပြီး အားကစားလုပ်နေစဉ် နှလုံးခုန်နှုန်း တိုင်းတာဖို့ Optical Heart Rate sensor တစ်ခုလည်း ပါရှိပါတယ်။နေ့စဉ် အိပ်စက်မှုအခြေအနေကို သိနိုင်ဖို့ Sleep Monitoring စနစ် ပံ့ပိုးထားပါတယ်။ entry-level စမတ်လက်ပတ်ဖြစ်တဲ့အတိုင်း contact မလိုဘဲ ငွေချေနိုင်တဲ့ NFC စနစ် မပါတော့ပါဘူး။

Redmi Band ဟာ လိမ္မော်ရောင် ၊ သံလွင်စိမ်းရောင် ၊ အပြာနဲ့ အနက်ရောင် ကာလာ ၄ မျိုးနဲ့ လာပါတယ်။ တရုတ်မှာ ဧပြီ ၉ ရက်နေ့ကစပြီး ရောင်းချသွားမှာ ဖြစ်ပြီး ဈေးနှုန်း ၉၉ ယွမ် (မြန်မာငွေ ၁ သောင်း ၉ ထောင်ကျော်) ကျသင့်မှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က