rugged ဖုန်း ကြိုက်သူတွေအတွက် စိတ်ဝင်စားစရာဖုန်းတစ်လုံးပါ

အကြမ်းခံဖုန်းတွေထဲမှာ နာမည်ကြီး Brand တစ်ခုဖြစ်တဲ့ Ulefone ဟာ တန်ဖိုးနည်းဖုန်းသစ်တစ်မျိုးကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

Ulefone Armor စီးရီးကနေ အသစ်ထုတ်လိုက်တဲ့ Armor X7 Pro ဟာ မျက်နှာပြင် ၅ လက်မ HD resolution (1280x720pixel) ရုပ်ထွက်နဲ့ လာပြီး ရေလုံအောင် ဒီဇိုင်းထုတ်ထားတဲ့ ultra waterproof case ကြောင့် ရေအောက်ဓါတ်ပုံတွေ ရိုက်ကူးရာမှာ အကူအညီပေးနိုင်ပါတယ်။ IP68/69K /MIL-STD-810G စံချိန်မီ ဖုန်းတစ်လုံးဖြစ်လို့ မတော်တဆ လွတ်ကျတဲ့ ဒဏ်နဲ့ ဖုန်တင်‌ရေစိုမှုကို ကောင်းကောင်းကြီး ခံနိုင်ရည် ရှိမှာပါ။

Photo: phonemantra


Ulefone ရဲ့ ဝက်ဘ်ဆိုက်မှာဆို Armor X7 Pro ဟာ ရေအနက် ၁ မီတာခွဲမှာ မိနစ် ၃၀ ကျော် ကြာအောင် ရေစိမ်ခံနိုင်ပြီး ကွန်ကရစ်ထု ၁ မီတာမှာ ၂၄ နာရီ အထားခံနိုင်တယ်လို့ ဆိုပါတယ်။ အမြင့်၃ ပေခွဲအထိ လွတ်ကျတဲ့ ဒဏ်ကို ခံနိုင်ရည် ရှိတာကြောင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေလိုမျိုး နေရာတွေမှာ သုံးဖို့ အကောင်းဆုံး ဖုန်းတစ်လုံးလို့ ဆိုနိုင်ပါတယ်။

Rugged ဖုန်းတစ်လုံးဖြစ်တဲ့အတိုင်း ကြမ်းကြမ်းရမ်းရမ်း သုံးလို့ ကောင်းဖို့ အထူးထုတ်ထားတာပါ။ ကိုယ်ထည်ဟာ အကြမ်းခံမှုမြင့်မားတဲ့ ပိုလီကာဗွန်နိတ်သားကိုမှ အလူမီနီယံနဲ့ ပျော့ပြောင်းတဲ့ အပူခံပလတ်စတစ်ပြား TPU တို့ ပေါင်းစပ်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ပါဝါသုံးစွဲမှု နည်းပါးပြီး လုပ်ဆောင်ချက်တွေ ချောမွေ့စေဖို့ 12nm MediaTek Helio A20 SoC နဲ့ Power VR GE8300 GPU များ သုံးထားပါတယ်။

Ulefone Armor X7 Pro ဟာ RAM 4GB/32GB storage ပါရှိပြီး external microSD card ကနေ 256GB အထိ ထပ်တိုးနိုင်မှာပါ။ touchscreen ဟာ ရိုးရိုး လက်နဲ့ သုံးနိုင်တဲ့အပြင် အလုပ်လုပ်ရင်း လက်အိတ်ဝတ်ထားရင်းနဲ့ သုံးနိုင်မယ့် Gloves Mode လည်း ထည့်ပေးထားပါတယ်။ ဘက်ထရီပါဝါဟာ 4000mAh ဘက်ထရီဖြစ်ပြီး standby အနေအထားနဲ့ ၁၈ ရက်အထိ ထားသုံးနိုင်မှာပါ။


Photo: wphindiguide

ကျောဘက်မှာ Dual Flash ပါ 13MP ကင်မရာနဲ့ ရှေ့ဘက် 5MP selfie ကင်မရာတို့ ပါရှိပါတယ်။‌ဒီဖုန်းဟာ NFC နဲ့ Google Pay ငွေချေစနစ်တွေလည်း ပံ့ပိုးပေးထားလို့ ဖုန်းကို ဒီဂျစ်တယ်ပိုက်ဆံအိတ်တစ်လုံးလို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ စမတ်ဖုန်းလုံခြုံ‌‌ရေးအတွက် Face Unlock နဲ့ လက်ဗွေဖတ်စနစ်တို့ သုံးနိုင်ပါတယ်။ 

UleFone Armor X7 ကို လိမ္မော်နဲ့ အနက်ကာလာ ၂ ရောင်နဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပြီး ဈေးနှုန်းအနေနဲ့ ဒေါ်လာ၉၀ (မြန်မာငွေ ၁ သိန်း ၂ သောင်းခွဲ) သတ်မှတ်ထားပါတယ်။ 







































ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က