Foldable ဖုန်းတွေထဲက ဈေးသက်သာတဲ့ မော်ဒယ်တစ်ခုပါ
Nyein Min Wai

ကမ္ဘာ့ပထမဆုံး ခေါက်သိမ်းနိုင်စမတ်ဖုန်းဖြစ်တဲ့ FlexPai ကို ထုတ်နိုင်တဲ့ Royole ဟာ 5G ကွန်ရက်ချိတ်ဆက်မှုပါတဲ့ ဒုတိယမျိုးဆက် Foldable Phone ကို ကြေညာလိုက်ပါတယ်။

တရုတ် display-maker ဖြစ်တဲ့ Royole ရဲ့ အသစ်ထွက် FlexPai 2 5G ဟာ ၁၈၀ ဒီဂရီ ခေါက်နိုင်မယ့် Folding display ၊ Snapdragon 865 chipset နဲ့ Android 10 ပါရှိပါတယ်။ ဒီဇိုင်းပိုင်းမှာ ပထမဆုံး ထွက်လာတဲ့ FlexPai ဖုန်းနဲ့ သိပ်မကွာပေမယ့် တတိ‌ယမျိုးဆက် Cicada Wing display နဲ့ လာတာ ဖြစ်ပါတယ်။

Photo: Android Authority

Cicada Wing display သစ်ဟာ ခေါက်တာကွေးတာကို အကြိမ်ပေါင်း ၁.၈ သန်းကျော် ခံနိုင်ရည်ရှိပြီး တောက်ပမှု ၊ အလင်းအမှောင် ပြတ်သားထင်ရှားမှုပိုင်းမှာ အရင်မျိုးဆက်ထက် ပိုပြီး ကောင်းမွန်အောင် အဆင့်မြှင့်တင်ထားတယ်လို့ ဆိုပါတယ်။ ဖြန့်ထားချိန်မှာ Royole FlexPai 2 ရဲ့ display ဟာ ၇.၈ လက်မ ရှိပြီး ခေါက်ထားချိန်မှာ ကင်မရာပါ main sceen အရွယ်အစားဟာ ၅.၅ လက်မနဲ့ ခေါက်ထားတဲ့ ဘက်မှ secondary display ဟာ ၅.၄ လက်မစီ ရှိမှာပါ။

တက်ဘလက်အနေအထားနဲ့ သုံးမယ်ဆိုရင် FlexFai 2 display ဟာ 1440 x 1920p ရုပ်ထွက် ရှိပြီး အပြင်ဘက်ကို တွန်းခေါက်ထားချိန်မှာ main screen နဲ့ secondary screen တို့ဟာ 1440 x 900p နဲ့ 1440x810p ရုပ်ထွက်စီ ပါရှိပါတယ်။ FlexPai 2 ကို ခေါက်ထားချိန်မှာ Samsung ဖုန်းတွေအတိုင်း edge panel နဲ့ app တွေ အမြန်ဖွင့်နိုင်အောင် စီစဉ်ထားပါတယ်။



ကင်မရာပိုင်းမှာ FlexPai 2 ဟာ 64MP wide-anlge ကင်မရာ ၊ 16MP ultra-wide sensor ၊ 8MP telephoto နဲ့ 32MP portrait ကင်မရာဆိုပြီး ထောင်လိုက်ကင်မရာ ၄ လုံးတန်း နဲ့ လာပါတယ်။ ဒီကင်မရာတွေကပဲ Selfie ရိုက်ကူးမှုတွေ လုပ်နိုင်မှာပါ။ FlexPai 2 သစ်ဟာ 4450mAh ဘက်ထရီနဲ့လာပြီး USB C port ကနေ 18W charging နဲ့ အားသွင်းနိုင်မှာပါ။ RAM 8GB/12GB နှစ်မျိုးဟာ 256GB/512GB storage တွေနဲ့ ထွက်ထားပါတယ်။

Sunrise Gold ၊ Cosmic Gray နဲ့ Midnight Black ကာလာတွေနဲ့ လာပြီး ဈေးနှုန်းအနေနဲ့ Galaxy Z Fold 2 ထက် ဒေါ်လာ ၅၀၀ နီးပါး ဈေးသက်သာပါတယ်။ FlexPai 2 5G ကို တရုတ်မှာပဲ ဖြန့်ချိသွားမှာ ဖြစ်ပြီး ဈေးနှုန်း ၉၉၈၈ ယွမ် (မြန်မာငွေ သိန်း ၂၀ ခန့်) ဈေးန့ ရောင်းချသွားမှာပါ။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က