angle အမျိုးမျိုးကနေ ‌ခေါက်သိမ်းနိုင်မှာပါ

ဖော်မြူလာ ပြောင်းထုတ်တဲ့ Samsung ရဲ့ ဒုတိယမျိုးဆက် Galaxy Z Flip ဟာ Foldable glass မှန်သစ်နဲ့ ထွက်လာပြီ ဖြစ်ပါတယ်။

ဖွင့်ထားချိန်မှာ Galaxy Z Flip ဟာ မြင်နေကျ စမတ်ဖုန်းတစ်လုံးရဲ့ ပုံစံနဲ့ အရွယ်အစားချင်း တူနေပြီး ခေါက်သိမ်းထားချိန်မှာ ဖုန်းကို ထက်ဝက်ချိုး သိမ်းတဲ့ ဒီဇိုင်းသစ်နဲ့ လာတာပါ။ Galaxy Z Flip ဟာ သူ့အရင် ထွက်ခဲ့တဲ့ Galaxy Fold နဲ့ လုံးလုံးလျားလျား ကွဲပြားတဲ့ ခေါက်သိမ်းနိုင် စမတ်ဖုန်း ဖြစ်ပါတယ်။



ဒီဇိုင်းပြဿနာရှိခဲ့ပြီး ဖုန်းအဖွင့်အပိတ် လုပ်ချိန်မှာ screen ကြောင်တဲ့ပြဿနာ ရှိခဲ့တာကြောင့် Galaxy Fold ဟာ ဈေးကွက်ဝင်ဖို့ ကြန့်ကြာနှောင့်နှေးခဲ့ရသလို ရောင်းအားလည်း ၄ သိန်းနဲ့ ၅ သိန်းအကြားပဲ ရှိခဲ့ပါတယ်။ Galaxy Fold မှာ ပလတ်စတစ်သုံးခဲ့ပြီး Galaxy Z Flip မှာတော့ ပိုပြီး အကြမ်းခံတဲ့ Ultra Thin Glass (UTG) မှန်သား အုပ်ထားပါတယ်။

Photo: gadgetbytenepal


ကိုယ်ထည်အချိုးအစား 22:9 ရှိပြီး မျက်နှာပြင်ဟာ punch hole ကင်မရာပေါက်နဲ့ ၆.၇ လက်မ Dynamic AMOLED အမျိုးအစား သုံးထားပါတယ်။ ဒီဖုန်းဟာ ပြိုင်ဘက် Motorola Razr ဖုန်းလိုမျိုး ခေါက်သိမ်းနိုင် ဒီဇိုင်း သုံးထားပေမယ့် pixel အရေအတွက် ၅၀% ကျော် ပိုပါရှိတဲ့ 1080 x 2636px resolution နဲ့ လာတာပါ။ ကျောဘက်မှာ အချိန် နာရီနဲ့ ဘက်ထရီပါဝါ စတဲ့ သတင်းအချက်အလက်တွေ ဖော်ပြပေးနိုင်မယ့် ၁.၁ လက်မအရွယ် အရန် Super AMOLED display ပါရှိပါတယ်။

ဖုန်းပြင်ပ ကိုယ်ထည်တစ်ခုလုံး Gorilla Glass 6 အုပ်ထားပြီး Galaxy S20 စီးရီးနဲ့ မတူတာက 4G ဗားရှင်းတစ်မျိုးပဲ ထွက်ထားတာ ဖြစ်ပါတယ်။ processor ကိုလည်း အရင်နှစ်က ထွက်ထားတဲ့ Snapdragon 855+ SoC သုံးထားတာ ဖြစ်ပြီး RAM 8GB/256GB storage တစ်မျိုးတည်းပဲ လာပါတယ်။ ဘက်ထရီပါဝါ 3300 mAh ဟာ 15W charging အားသွင်းစနစ် ပံ့ပိုးထားပြီး Wireless charging လည်း အသုံးပြုနိုင်မှာပါ။


Photo: VOA

ကျောဘက်မှာ Samsung ရဲ့ 12MP main camera နဲ့ 12MP ultrawide ကင်မရာနှစ်လုံးတွဲ စနစ် သုံးထားပြီး ဆယ်လ်ဖီကတော့ 10MP ကင်မရာ ဖြစ်ပါတယ်။ ဒီဖုန်းဟာ angle အမျိုးမျိုးကနေ ခေါက်သိမ်းနိုင်ပြီး စားပွဲပေါ်မှာ hands-free အနေအထားနဲ့ ခေါက်ထားပြီး ဗွီဒီယိုဖုန်းခေါ်ဆိုမှုလုပ်တာ ရုပ်ရှင်ကြည့်တာအတွက် သုံးနိုင်မှာပါ။

Mirror Black ၊ Mirror Purple နဲ့ Mirror Gold ကာလာ ၃ ရောင်နဲ့ ထွက်ထားပြီး ဒေါ်လာ ၁၃၈၀ ဈေးနဲ့ စတင်ရောင်းချသွားမယ်လို့ ဆိုပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က