တန်ဖိုးနည်း Nokia ဖုန်းတွေပါ
Nyein Min Wai

HMD Global ဟာ Nokia အမှတ်တံဆိပ် တန်ဖိုးနည်း ဖုန်းသစ် ၃ မျိုးကို မိတ်ဆက်ထားပါတယ်။

Nokia ကနေ Nokia C5 Endi ၊ C2 Tava နဲ့ Tennen တို့ကို မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ဖုန်းသုံးမျိုးစလုံးဟာ Android 10 ဆော့ဖ်ဝဲလ် နဲ့ သက်သာတဲ့ ဈေးနဲ့ ထွက်လာတာပါ။ Noka C2 Tava နဲ့ Tennen တို့ဟာ နာမည်ကွဲပြားပေမယ့် ဖုန်းတစ်မျိုးတည်းဖြစ်ပြီး Nokia C2 Tava ကို Cricket Wireless ကနေပဲ ရောင်းချသွားမှာပါ။ 


Nokia C5 Endi (Photo: mobile57)

Nokia C5 Endi ဟာ waterdrop notch ၆.၅ လက်မ HD+ display နဲ့ လာပြီး အောက်ခြေမှာ ဘောင်ခပ်ထူထူ ပါရှိပါတယ်။ waterdrop notch ဟာ 8MP selfie ကင်မရာ သုံးထားပြီး ဖုန်းဘယ်ဘက်မှာ Google Assistant ခလုတ် ထည့်ပေးထားပါတယ်။ ကျောဘက်စက်ဝိုင်းပုံ ကင်မရာကွက်ထဲမှာ 13MP main ကင်မရာ ၊ 5MP ultrawide ကင်မရာနဲ့ 2MP depth sensor ပါရှိပြီး fingerprint scanner ကိုလည်း ကျောဘက်မှာပဲ တပ်ဆင်ထားတာပါ။

ပိုလီကာဗွန်နိတ်ကိုယ်ထည်နဲ့ လာတဲ့ Nokia C5 Endi ဟာ MediaTek Helio P22 processor ၊ RAM 3GB/64GB storage ပါပြီး storage ထပ်တိုးနိုင်မှာပါ။ ဘက်ထရီပါဝါဟာ 4000mAh ဖြစ်ပြီး 10W charging ပံ့ပိုးထားပါတယ်။ Nokia C5 Endi ဟ Midnight Blue ကာလာနဲ့ လာပြီး ဒေါ်လာ ၁၇၀ (မြန်မာငွေ ၂ သိန်း ၄ သောင်းခန့်) ဈေးနဲ့ ရောင်းချသွားမှာပါ။

Nokia C2 Tava/Tennen (Photo: Gizbot)


Nokai C2 Tava/Tennen ကတော့ ၅.၄၅ လက်မ HD+ display နဲ့ လာပြီး ကျောဘက်မှာ ထောင်လိုက် 8MP autofocus ကင်မရာနဲ့ 2MP depth sensor နဲ့ လာပြီး flash support ပေးထားပါတယ်။ Nokia C5 Endi လိုမျိုး Google Assistant button ပါရှိပြီး ရှေ့ဘက်မှာ 5MP selfie ကင်မရာ သုံးထားပါတယ်။ Helio P22 chipset သုံးထားပြီး RAM 2GB/32GB storage နဲ့ ထွက်ထားပြီး microSD card slot ထည့်ပေးထားပါတယ်။

ဘက်ထရီပါဝါဟာ 3000mAh ဖြစ်ပြီး 10W charging ပံ့ပိုးထားပါတယ်။ Tempered Blue ကာလာနဲ့ လာတဲ့ Nokia C2 Tava ကို ဒေါ်လာ ၁၁၀ (မြန်မာငွေ ၁ သိန်းခွဲကျော်) နဲ့ ရောင်းချသွားမှာပါ။ Nokia C2 Tennen ကတော့ ဒေါ်လာ ၇၀ (မြန်မာငွေ ၉ သိန်း ၇ သောင်းကျော်) ဈေးနဲ့ရောင်းချသွားမယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က