5020 mAh ဘက်ထရီ သုံးထားပါတယ်

Redmi စီးရီး စမတ်ဖုန်းတွေထဲမှာ Redmi Note 9 Pro Max ဟာ screen size အကြီးဆုံးအဖြစ် စာရင်းဝင်ပါတယ်။


Redmi Note 9 Pro Max ဟာ ဒီဇိုင်းပိုင်းမှာလည်း ဆန်းသစ်တဲ့ ဖုန်းအဖြစ် ထွက်လာတာပါ။ ဖုန်းအပေါ်ဘက် အလယ်တည့်တည့်မှာ Galaxy S20 လိုမျိုး punch-hole ကင်မရာသုံးထားပြီး ကျောဘက်အလယ်မှာ ထောင်လိုက်စတုဂံပုံစံ Quad Lens နဲ့ လာပါတယ်။ မျက်နှာပြင်အရွယ်အစား ၆.၆၇ လက်မ IPS LCD display ကို Gorilla Glass 5 အုပ်ထားပါတယ်။


Photo: getpopularnews

ကျောဘက် panel ဟာ 3D Curved glass ရဲ့ ကွေးညွှတ်မှုနဲ့ လာပြီး display မှာ စာရိုက်ခြင်း ၊ Web Scrolling စတဲ့ လုပ်ဆောင်ချက်တိုင်းအတွက် မတူညီတဲ့ ထိတွေ့တုန့်ပြန်မှုပေးမယ့် Z-axis Vibration motor နဲ့ လာပါတယ်။ အရောင်ကိုတော့ Aurora Blue ၊ Glacier White နဲ့ Interstellar Black သုံးရောင်နဲ့ ထွက်ထားပါတယ်။

Redmi Note 9 Pro Max ဟာ ဖုန်းကိုယ်ထည်ဒီဇိုင်း အချိုးကျမှုကို အသားပေးထားတဲ့ Aura Balance Design သုံးထားပါတယ်။ လက်ဗွေစနစ်ကို ဖုန်းဘေးဘောင်မှာ ထည့်ထားပါတယ်။ punch-hole ပေါက်ထဲက 32MP ဆယ်လ်ဖီကင်မရာဟာ Redmi Note စမတ်ဖုန်းတွေထဲမှာ Resolution အမြင့်ဆုံးကင်မရာလည်း ဖြစ်ပါတယ်။

ကျောဘက်စတုဂံကင်မရာကွက်ထဲမှာ 64MP sensor ၊ 8MP ultra-wide ကင်မရာ ၊ 5MP macro ကင်မရာနဲ့ 2MP depth sensor ဆိုပြီး ကင်မရာလေးလုံး သုံးထားပါတယ်။ Redmi Note 9 Pro Max ဟာ RAW Photography ဓါတ်ပုံနည်းပညာနဲ့ အဆင့်မြှင့်ထားတဲ့ Night Mode တို့ ပါဝင်ပါတယ်။'


Photo: unbox.ph

processor အနေနဲ့ 8nm Snapdragon 720G processor ၊ RAM 6GB/8GB ဗားရှင်းတွေ ထွက်ထားပါတယ်။ ဘက်ထရီပါဝါဟာ 5020mAh နဲ့လာပြီး standby ထားမယ်ဆိုရင် ရက်ပေါင်း ၂၀ကျော် အားခံမယ်လို့ ဆိုပါတယ်။ အားသွင်းမှုကိုလည်း မိနစ် ၃၀ အတွင်း ဘက်ထရီအား ထက်ဝက်ပြည့်စေမယ့် 33W Fast Charger နဲ့ လာပါတယ်။

ဈေးကွက်မှာ Redmi Note 9 Pro Max ကို 6GB/64GB ၊ 6GB/128GB နဲ့ 8GB/128GB ဆိုပြီး ဗားရှင်း ၃ မျိုးနဲ့ ထုတ်ထားပါတယ်။ ဈေးနှုန်းအနေနဲ့ အိန္ဒိယဈေးကွက်မှာ၁၄၉၉၉ ရူပီး (မြန်မာငွေ ၂ သိန်း ၈ သောင်းခန့်) ၊ ၁၆၉၉၉ ရူပီး (မြန်မာငွေ ၃ သိန်း ၂ သောင်းခန့်) နဲ့ ၁၈၉၉၉ ရူပီး (မြန်မာငွေ ၃ သိန်းခွဲကျော်) ဈေးနဲ့ ရောင်းချသွားမယ်လို့ ကြေညာထားပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က