5G ဖုန်းတွေ ဈေးချိုလာနေပါပြီ

Quad Cameras နဲ့ တန်ဖိုးသင့် 5G ဖုန်းတစ်မျိုးကို Vivo က ဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။


Vivo ကနေ အသစ်မိတ်ဆက်လိုက်တဲ့ Vivo Z6 5G ဟာ ကုမ္ပဏီရဲ့ ပထမဆုံး Snapdragon 765G processor သုံး စမတ်ဖုန်း ဖြစ်ပါတယ်။ IPS LCD display နဲ့ လာပြီး ဖုန်း screen အပေါ်ညာထောင့်မှာ punch-hole ကင်မရာပေါက် ပါရှိပါတယ်။ punch-hole ထဲမှာ 16MP selfie ကင်မရာ ထည့်ထားပြီး မျက်နှာပြင် အရွယ်အစား ၆.၅၇ လက်မ ရှိပါတယ်။




Photo: droidholic

ဖုန်းထဲ Game အကြီးတွေ ထည့်ပြီး နာရီပေါင်းများစွာ ကစားတတ်သူတွေအတွက် ဖုန်းအပူချိန်လွန်ကဲမှုကို ထိန်းညှိပေးမယ့် အရည်အအေးပေးနည်းပညာလည်း ထည့်သုံးထားပါတယ်။ ဂိမ်းကစားမှုနဲ့ ပတ်သက်ပြီး Multi-Turbo 3.0 နဲ့ Game Space 3.0 တို့လို ဆော့ဖ်ဝဲလ်အဆင့်မြှင့်တင်မှုတွေ လုပ်ပေးထားပါတယ်။

ကျောဘက်မှာ fingerprint scanner နဲ့ ထောင်လိုက်စတုဂံပုံစံ လေးလုံးတွဲ ကင်မရာ ပါရှိပါတယ်။48MP main camera ၊ 8MP ultra-wide ကင်မရာ ၊ 2MP macro lens နဲ့ 2MP depth sensor ကင်မရာလေးလုံးနဲ့အတူ Super Night Scene 2.0 စနစ် ၊ Hyper HDR ၊ ဗွီဒီယို ရုပ်ငြိမ်စနစ်နဲ့ 4K ဗွီဒီယိုရိုက်ကူးမှုစနစ်များ ပါဝင်လာပါတယ်။


Photo: gizbot

RAM 6GB ကနေ RAM 8GB အထိ ပါပြီး onboard storage 128GB သုံးထားပါတယ်။ ဘက်ထရီပါဝါ 5000 mAh ဟာ 44W SuperFlash Charge အားသွင်းနည်းပညာ သုံးထားတာကြောင့် ၆၅ မိနစ်အတွင်း အားလုံးဝအပြည့် သွင်းနိုင်မယ်လို့ ဆိုပါတယ်။ Vivo Z6 5G ဟာ Ice Age ၊ Interstellar Silver နဲ့ Aurora Black ကာလာ ၃ ရောင်နဲ့ လာပါတယ်။

အနိမ့်ဗားရှင်း RAM 6GB/128GB storage ကို ၂၂၉၈ ယွမ် ( မြန်မာငွေ ၄ သိန်း ၇ သောင်းခန့်)ဈေး ၊ RAM 8GB/128GB storage မော်ဒယ်ကို ၂၅၉၈ ယွမ် (မြန်မာငွေ ၅ သိန်း ၃ သောင်းကျော်) ဈေးနဲ့ တရုတ်ဈေးကွက်ထဲ ရောင်းချနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က