ကျောဘက်ကင်မရာတစ်လုံးပဲ သုံးထားပါတယ်

flagship တန်းဝင်ကင်မရာနဲ့ တန်ဖိုးသင့် Google Pixel ဖုန်းသစ် ထွက်လာပြီ ဖြစ်ပါတယ်။


Pixel 4a ဟာ တရားဝင် မိတ်ဆက်မှု မလုပ်ခင်မှာ ကြားခဲ့တဲ့ သတင်းတွေအတိုင်း punch hole ကင်မရာနဲ့ mid-range specs တွေ သုံးလာပါတယ်။ အမေရိကန်ဈေးကွက်မှာ ၃၄၉ ဒေါ်လာဈေးကျသင့်မယ့် ဒီဖုန်းဟာ ကာလာတစ်ရောင်တည်းနဲ့ ထွက်ထားပြီး RAM/Storage လည်း တစ်မျိုးတည်းပဲ ပါရှိပါတယ်။



Photo: 9to5Google

လက်ရှိ ဈေးကွက်ထဲမှာ ပေါက်နေတဲ့ iPhone SE သစ် ၊ OnePlus Nord နဲ့ Samsung Galaxy A51 တို့ကို ယှဉ်ဖို့အတွက် ထုတ်လိုက်တာလို့ ဆိုနိုင်ပါတယ်။ မျက်နှာပြင်အရွယ်အစား ၅.၈၁ လက်မဟာ OLED panel အမျိုးအစား ဖြစ်ပြီး 1080x2340px ရုပ်ထွက် ပါရှိပါတယ်။ ဖုန်းဘယ်ဘက်အပေါ်ထောင့်မှာ punch-hole ကင်မရာပေါက် ပါရှိပြီး ကျောဘက်မှာ စတုရန်းကွက်ပုံစံ Camera Setup သုံးထားပါတယ်။

Screen Size ဟာ ဒီနေ့ခေတ်နဲ့ဆို Compact ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ punch-hole ထဲမှာတော့ 8MP selfie ကင်မရာ ထည့်ထားပါတယ်။ ကျောဘက်မှာ fingerprint scanner နဲ့အတူ 12.2MP ကင်မရာတစ်လုံးတည်း သုံးထားပါတယ်။ ကင်မရာရိုက်ချက်အနေနဲ့ Night Sight ၊ Portrait Mode ၊ Top Shot နဲ့အတူ OIS ရုပ်ငြိမ်စနစ်ကြောင့် ဗွီဒီယိုတွေကို Shake-Free ရိုက်နိုင်မှာပါ။ 

Photo: XDA Devlelopers


Pixel 4a ဟာ Snapdragon 730G chipset သုံးထားပြီး RAM 6GB/128GB storage တစ်မျိုးပဲ ထွက်ထားပါတယ်။ လောလောဆယ် Pixel 4A ကို 4G ဗားရှင်းအနေနဲ့ပဲ ထွက်ထားပြီး လာမယ့်‌ဆောင်းတွင်းပိုင်းလောက်မှာ 5G ဗားရှင်းအနေနဲ့လည်း မိတ်ဆက်သွားဖို့ ရှိပါတယ်။ Pixel 4a 5G ကတော့ ဒေါ်လာ ၅၀၀ ဈေးကနေ စတင်ရောင်းချသွားမှာပါ။ 

ဘက်ထရီပါဝါအနေနဲ့ 3140mAh ဖြစ်လို့ သေးတယ်လို့ ဆိုနိုင်ပါတယ်။ အားသွင်းတာကိုတော့ Power Delivery 2.0 စံကနေ 18W အထိ အားသွင်းနိုင်မှာပါ။ 3.5mm headphone jack ပါရှိပြီး Just Black အတစ်ရောင်တည်းနဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ အမေရိကန်ဈေးကွက်မှာ ဒေါ်လာ ၃၅၀ (မြန်မာငွေ ၄ သိန်း ၈ သောင်းခန့်) ဈေးနဲ့ ရောင်းချသွားမှာပါ။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က