ECG စနစ် ပါပါတယ်

OPPO ရဲ့ ပထမဆုံး စမတ်နာရီကတော့ စိတ်ဝင်စားစရာဒီဇိုင်း ၊ ဆွဲဆောင်မှုရှိတဲ့ ဈေးနဲ့ ထွက်လာပြီ ဖြစ်ပါတယ်။

OPPO Watch ဟာ Apple Watch ဒီဇိုင်းနဲ့ လာတဲ့ အန်းဒရိုက် စမတ်နာရီတစ်လုံးပါ။ ၄.၅ မီလီမီတာ ထူတဲ့ နာရီအိုးဟာ အလူမီနီယံနဲ့ 3D ဘေးဘောင်ကွေး Crystal Glass ကို Creamic ကြွေသားစပ် ကိုယ်ထည် သုံးထားပါတယ်။




Photo: GSMArena

AMOLED panel သုံးထားတဲ့ OPPO Watch ဟာ ၁.၆ လက်မနဲ့ ၁.၉ လက်မဆိုပြီး မော်ဒယ်နှစ်မျိုးနဲ့ လာပါတယ်။ ဘေးဘောင် Bezel သား ပါးပါး နဲ့ လာပြီး နာရီအိုးဘေးမှာ ခလုတ်နှစ်ခု ပါရှိပါတယ်။

eSIM ချိတ်ဆက်မှု ပါတာကြောင့် ဖုန်းခေါ်ဆိုလို့ ရနိုင်မှာ ဖြစ်ပါတယ်။ 5ATM ရေစိုခံမှု ပါပြီး အိမ်စက်မှု ၊ ကိုယ်ကာယလေ့ကျင့်မှုနဲ့ နှလုံးခုန်နှုန်းတိုင်းတာမှု အမျိုးမျိုးကို လုပ်ဆောင်နိုင်ပါတယ်။ နောက်တစ်ခုကတော့ Apple Watch စတိုင် ECG လုပ်ဆောင်ချက် ပါရှိလာပါတယ်။

OPPO Watch ဟာ Apollo 3 processor နဲ့အတူ Snapdragon Wear 2500 chipset သုံးထားပြီး onBoard storage အဖြစ် 8GB ပါရှိပါတယ်။ GPS နဲ့ NFC လုပ်ဆောင်ချက်တွေလည်း ပါရှိပြီး Android 6.0 Marshmallow နဲ့ အထက် အန်းဒရိုက်ထုတ်ကုန်တွေနဲ့ ချိတ်ဆက်နိုင်မှာပါ။

Photo: GSMArena

အားသွင်းစနစ်ဟာ Watch VOOC charging စနစ် ဖြစ်လို့ ၁၇ မိနစ်အတွင်း အား ၅၀ % အထိ သွင်းနိုင်မယ်လို့ ဆိုပါတယ်။ ဘက်ထရီသက်တမ်း တာရှည်ခံဖို့အတွက် OPPO Watch ဟာ Snapdragon Wear chipset နဲ့ Apollo 3 processor အကြား ပြောင်းလဲ အသုံးပြုနိုင်ပြီး တစ်ခါအားသွင်းတာနဲ့ နာရီ ၄၀ အထိ အသုံးခံမယ်လို့ ဆိုပါတယ်။

OPPO Watch ကို တရုတ်ဈေးကွက်ထဲမှာပဲ အရင်ဆုံး ဖြန့်ချိသွားမှာ ဖြစ်ပြီး ၄၁ မီလီမီတာ ဗားရှင်ကို ၁၄၉၉ ယွမ် (မြန်မာငွေ ၃ သိန်းခန့်) နဲ့ ၄၆ မီလီမီတာမော်ဒယ်ကို ၁၉၉၉ ယွမ် (မြန်မာငွေ ၄ သိန်းခန့်) ဈေးတွေနဲ့ ရောင်းချသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က