120Hz 4K display နဲ့ လာပါတယ်

ပရီမီယံ TV ဈေးကွက်ထဲ အသစ်ဝင်ရောက်လာတဲ့ စမတ် TV ကတော့ Xiaomi Mi TV Lux ဖြစ်ပါတယ်။

Xiaomi Mi TV Lux ဟာ တရုတ်ဈေးကွက်မှာ မိတ်ဆက်လိုက်တာ ဖြစ်ပြီး မျက်နှာပြင် ၆၅ လက်မ 4K (3840 x 2160p) OLED အမျိုးအစားဖြစ်ပါတယ်။ top-end features တွေ ဖြစ်တဲ့ ကာလာပုံထွက်တိကျမှုမြင့်ခြင်း ၊ ဘေးဘောင် bezel ပါးပြီး Refresh rate အမြင့်စားတွေ ပါလာပါတယ်။ screen-to-body အချိုးဟာ ၉၈.၃% ရှိပြီး Dolby Vision နဲ့ HDR10+ support လည်း ပံ့ပိုးထားပါတယ်။



Photo: androidcommunity


အသံစနစ်မှာ 65W ၊ 3D Spatial Sound System နဲ့ စပီကာယူနစ် ၉ လုံးဆီက Dolby Atmos နည်းပညာတွေ ခံစားရမှာပါ။ display ဟာ 40Hz ကနေ 120Hz refresh rate အထိ ပြောင်းပေးနိုင်လို့ Gaming ကစားသူတွေအကြိုက် ဖြစ်မှာပါ။ ဒီမော်ဒယ်ဟာ Xiaomi ရဲ့ ပထမဆုံး flagship ထုတ်ကုန် ဖြစ်လို့ သုံးထားတဲ့ စနစ်တွေကလည်း high-end တွေပဲ ဖြစ်ပါတယ်။

Xiaomi Mi TV Lux ဟာ ရုပ်ပုံအရည်အသွေးတွေကို Dynamic HDR နဲ့ အလိုအလျောက် ချိန်ညှိနိုင်မယ့် AI Master စနစ်၊ MPU 9650 intelligent processor ၊ ဓါတ်ပုံအရည်အသွေးဆိုင်ရာ algorithms ပေါင်း ၂၀ ကျော် ၊ MTK Chip နဲ့ Always-On display တို့လည်း ပါဝင်လာပါတယ်။ processor အနေနဲ့ MediaTek Cortex A73 CPU နဲ့ Mali-G52 MC1 GPU တို့ကို တွဲဖက်သုံးထားပါတယ်။

RAM 3GB/32GB onboard storage သုံးလာပါတယ်။ ဒါ့အပြင် dual-band WiFi ၊ Bluetooth v5.0 ၊ HDMI ports ၃ ခု ၊ USB port ၂ ခု ၊ AV port ၊ Ethernet port နဲ့ optical fibre port တို့လည်း ပါဝင်ပါတယ်။ TV အတွက် MIUI စနစ် သုံးထားပြီး built-in apps တစ်ချို့ပါလာသလို Xiaomi app storae လည်း ပံ့ပိုးပေးထားပါတယ်။ 

Xiaomi Mi TV Lux ဟာ NFC Bluetooth အဝေးထိန်းစနစ်လည်း ပါတာ ဖြစ်လို့ ဖုန်းထဲက video ကို TV မှာ ထိုးပြလို့လည်း ရနိုင်သလို တစ်ခြား စမတ်အိမ်သုံးထုတ်ကုန်တွေကိုလည်း ထိန်းချုပ်ဖို့ သုံးနိုင်မှာပါ။ Xiaomi AIoT devices တွေ ထိန်းချုပ်နိုင်အောင်လည်း လုပ်ဆောင်ထားပါတယ်။ တရုတ်ဈေးကွက်မှာ ၁၂၉၉၉ ယွမ် (မြန်မာငွေ ၂၅ သိန်းခန့်) ဈေးနဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က