ကင်မရာစနစ် အဆင့်မြှင့်ထားပါတယ်

OPPO ဟာ Quad lens နဲ့ Triple Lens စနစ်သုံးထားတဲ့ တန်ဖိုးနည်း A-series စမတ်ဖုန်းနှစ်မျိုးကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

OPPO A91 နဲ့ A8 တို့ဟာ တရုတ်ဈေးကွက်မှာ ပထမဆုံး ကြေညာထားတဲ့ ဖုန်းသစ်တွေ ဖြစ်ပြီး OPPO A91 ကတော့ ပိုပြီး higher-end ကျတဲ့ features တွေနဲ့ ထွက်လာတာပါ။ OPPO A91 ဟာ မျက်နှာပြင် ၆.၄ လက်မရှိပြီး 20:9 ratio ကြောင့် ကိုယ်ထည်ရှည်လျား သေးသွယ်တဲ့ ဖုန်းတစ်လုံးအဖြစ် တွေ့ရမှာပါ။



ထူးခြားတာက FHD+ AMOLED panel သုံးတာပဲ ဖြစ်ပြီး upper mid-range ဖုန်းတွေလိုပဲ မှန်ပြင်အောက်မှာ လက်ဗွေတပ်ဆင်ထားတာ ဖြစ်ပါတယ်။ waterdrop notch ကို သုံးထားပြီး 16MP selfie ကင်မရာ ပါရှိပါတယ်။ အခု ထွက်ထားတဲ့ OPPO A91 နဲ့ A8 တို့ဟာ MediaTek Helio P70 နဲ့ P35 processor တွေ သုံးထားပါတယ်။

OPPO A91 (Photo: GSMArena)

OPPO A91 ကတော့ RAM 8GB/128GB storage အထိ ပါရှိတဲ့အပြင် microSD card ကနေ ထပ်ပြီး storage မြှင့်နိုင်ဦးမယ်လို့ ဆိုပါတယ်။ 4000 mAh ဘက်ထရီဟာ 30W VOOC 3.0 fast charging ပံ့ပိုးမှုပေးထားလို့ အားသွင်းရမြန်သလို အသုံးလည်း ခံဖို့ ရှိပါတယ်။

ကျောဘက်မှာ 48MP primary ကင်မရာ နဲ့အတူ 8MP ultrawide ၊ 2MP macro ကင်မရာနဲ့ 2MP depth sensor ဆိုပြီး ကင်မရာ ၄ လုံး သုံးထားပါတယ်။ ဆော့ဖ်ဝဲလ်အနေနဲ့ OPPO A91 နဲ့ OPPO A8 တို့ဟာ Android 9 နဲ့လာတဲ့ ColorOS 6.1 ပါရှိပါတယ်။ OPPO A91 ဟာ အပြာရင့် ၊ အနီနဲ့ ရောင်ပြေးကာလာစပ် သုံးမျိုးနဲ့ လာပြီး ၁၉၉၉ ယွမ် ( မြန်မာငွေ ၄ သိန်း ၂ သောင်းကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။

OPPO A8 (Photo: GSMArena)


OPPO A8 ကတော့ ပိုပြီး ဈေးသက်သာတဲ့ တန်ဖိုးနည်းဖုန်းတစ်လုံးဖြစ်ပြီး မျက်နှာပြင် ၆.၅ လက်မ waterdrop notch သုံး IPS panel နဲ့ လာပါတယ်။ လက်ဗွေကို ကျောဘက်မှာ တပ်ဆင်ထားပြီး 12MP main ကင်မရာ နဲ့ 2MP macro ၊ 2MP depth sensor ဆိုပြီး ကင်မရာ ၃ လုံးတွဲ ပါရှိပါတယ်။

RAM 4GB/128GB storage ပါရှိပြီး 4230 mAh ဘက်ထရီပါဝါ သုံးထားပါတယ်။ fast charging တော့ မပါရှိပါဘူး။ အနက်နဲ့ ကောင်းကင်ပြာ ကာလာ ၂ ရောင်နဲ့ လာပြိး ဈေးနှုန်းကတော့ ၁၁၉၉ ယွမ် (မြန်မာငွေ ၂ သိန်းခွဲကျော်) နဲ့ ဝယ်ယူနိုင်မှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က