Quad Cameras နဲ့ SDG 732G SoC သုံးလာပါတယ်။

Gaming Experience နဲ့ နာမည်ကြီးတဲ့ တန်ဖိုးသင့် Poco စီးရီးကနေ ခေတ်မီဆန်းသစ်တဲ့ ဖုန်းသစ်တစ်မျိုး မိတ်ဆက်လိုက်ပါတယ်။

Poco X3 NFC ဖုန်းသစ်ဟာ Modernize ဖြစ်တဲ့ ဒီဇိုင်းဆန်းနဲ့ လာပါတယ်။ ရှေ့ဘက် screen အပေါ်နားမှာ punch-hole selfie ကင်မရာနဲ့ လာပြီး ကျောဘက် စက်ဝိုင်းပုံ Cutout ထဲမှာ အလျားလိုက်ကင်မရာ ၄ လုံးပုံစံ သုံးထားပါတယ်။ နာမည်အတိုင်း Near-Field Communication ဆက်သွယ်ချက်ပါတဲ့အပြင် ချီးကျူးလောက်တဲ့ Specs တွေလည်း ထည့်သွင်းထားပါတယ်။



Photo: GSMArena


မျက်နှာပြင်အရွယ်အစား ၆.၆၇ လက်မဟာ LCD display အမျိုးအစား ဖြစ်ပြီး FHD+ resolution ရုပ်ထွက် ပါရှိပါတယ်။ screen ဟာ ခေတ်ပေါ် အမြင့်စမတ်ဖုန်းတွေမှာ တွေ့ရတဲ့ 120Hz refresh rate နဲ့ ဂိမ်းကစားမှုကို Smooth ဖြစ်စေဖို့အတွက် 240Hz sampling rate သုံးထားပါတယ်။

stereo speaker နှစ်လုံးတပ်ထားပြီး ဂိမ်းကစားသူတွေ အကြိုက် LiquidCool Technology 1.0 Plus ပါရှိပါတယ်။ ဒီနည်းပညာဟာ ဂိမ်းအကြီးတွေ ကစားနေချိန်မှာ ဖုန်းတွင်း အအေးစနစ် မြှင့်ပြီး အပူစွန့်ထုတ်ပေးမယ့် ကြေးနီအပူပိုက်နဲ့ ဂရက်ဖိုက်ပြားတစ်ခု ပါဝင်ပါတယ်။ 

ကျောဘက်မှာ ပိုလီကာဗွန်နိတ် ပလတ်စတစ် သုံးထားပြီး ရှေ့မှန်ကို Gorilla Glass 5 အုပ်ထားပါတယ်။ Poco X3 NFC ဟာ IP53 rating ရေစို/ဖုန်တင်ခံမှု ရထားပါတယ်။ လက်ဗွေဟာ ဖုန်းဘောင်မှာ တပ်ဆင်ထားပြီး ပါဝါခလုတ်အဖြစ်လည်း အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ 

Poco X3 NFC ဟာ Snapdragon 700 စီးရီးထဲက စွမ်းဆောင်ရည်အမြင့်ဆုံး 4G processor ဖြစ်တဲ့ Snapdragon 732G SoC ကို ပထမဆုံး သုံးလာတဲ့ ဖုန်းလည်း ဖြစ်ပါတယ်။ ဘက်ထရီပါဝါဟာ ဧရာမ 5160mAh သုံးထားပြီး 33W fast charging နဲ့ လာပါတယ်။ USB-C port ကနေ အားသွင်းနိုင်မှာ ဖြစ်ပြီး ဘေးနားမှာ 3.5mm နားကြပ်ပေါက်လည်း ပါရှိပါတယ်။ 

Photo: NDTV Gadgets 360


punch-hole ဆယ်လ်ဖီကင်မရာဟာ 20MP ဖြစ်ပြီး pixel binning နည်းပညာသုံးထားတယ်လို့ ဆိုပါတယ်။ ကျောဘက်မှာ 64MP Sony IMX682 sensor ၊ 119 ဒီဂရီ FoV ပါတဲ့ 13MP ultra-wide ကင်မရာ ၊ အနီးကပ်ရိုက်ချက်တွေအတွက် 2MP ကင်မရာနဲ့ portrait ပုံတွေ ရိုက်ကူးနိုင်မယ့် 2MP depths sensor တို့ ပါရှိပြီး Skyscaping 3.0 ၊ Night Mode နဲ့ ShootSteady ဗွီဒီယိုရိုက်ကူးမှုလိုမျိုး AI features တွေလည်း ထည့်ထားပါတယ်။

Poco X3 NFC ဟာ memory အတွဲအစပ်အနေနဲ့ 6/64GB နဲ့ 6/128GB ဆိုပြီး နှစ်မျိုးလာပါတယ်။ Shadow Gray နဲ့ Cobalt Blue နှစ်မျိုးလာပြီး၂၂၉ ယူရို (မြန်မာငွေ ၃ သိန်း ၆ သောင်းခန့်) နဲ့ ၂၆၉ ယူရို (မြန်မာငွေ ၄ သိန်း ၂ သောင်းကျော်) ဈေးတွေနဲ့ ရောင်းချသွားမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က