ဈေးအသင့်ဆုံးထဲက စိတ်ဝင်စားစရာ mid-range ဖုန်း

အိန္ဒိယဈေးကွက်ထဲ မိတ်ဆက်သွားတဲ့ Poco M2 Pro ဟာ mid-range ဖုန်းတစ်လုံးဆိုတာထက် ပိုတဲ့ feature တစ်ချို့ သုံးသွားပါတယ်။

Poco ဟာ Xiaomi ကနေ ခွဲထွက်ပြီး သီးသန့်အမှတ်တံဆိပ်အဖြစ် ထွက်ထားတာ ဖြစ်ပါတယ်။ Poco M2 Pro ကတော့ Xiaomi ရဲ့ Redmi Note 9 Pro ကို နည်းနည်းလေး ပုံစံပြောင်းထားတာလို့ ဆိုနိုင်ပါတယ်။ အနည်းဆုံးတော့ ဒီဇိုင်းပိုင်း နဲ့ သုံးထားတဲ့ processor က အတူတူပါပဲ။ punch hole ကင်မရာပေါက်နဲ့ ကျောဘက် လေးလုံးတွဲ စတုရန်းပုံကင်မရာကွက်ဒီဇိုင်းကိုလည်း ဒီဖုန်းမှာ တွေ့ရပါတယ်။



Photo: The Verge

Poco M2 Pro ဟာ မျက်နှာပြင် ၆.၆၇ လက်မ 1080p LCD display နဲ့ လာပါတယ်။ ဖုန်းအပေါ်ဘက် screen အလယ်တည့်တည့်မှာ 16MP punch-hole selfie ကင်မရာ သုံးထားပါတယ်။ ဘေးဘောင်ပါဝါခလုတ်ထဲမှာလည်း လက်ဗွေစနစ်လည်း တပ်ဆင်ထားပါတယ်။ ကျောဘက်ဖုန်းကာဗာဟာ dual-texture ပုံစံ ထုတ်ထားပါတယ်။

ဒီဖုန်းဟာ ဘက်ထရီပါဝါ အကြီးစားနဲ့ လာတဲ့ ဖုန်းပါ။ ဗူးထဲမှာ 33W fast charger ထည့်ထားပြီး 5000mAh ဘက်ထရီ သုံးသွားပါတယ်။ Poco ရဲ့ အဆိုအရ မိနစ် ၃၀ အတွင်း ဘက်ထရီအား ၅၀% သွင်းနိုင်မယ်လို့ ဆိုပါတယ်။ Poco M2 Pro ဟာ Qualcomm ရဲ့ Snapdragon 720G processor နဲ့ လာပြီး RAM 4GB ၊ 6GB နဲ့ 64GB/128GB storage ဆိုပြီး ထွက်ထားပါတယ်။

Photo: GSMArena


ကျောဘက်မှာ 48MP main sensor ၊ 8MP ultrawide sensor ၊ 5MP macro နဲ့ 2MP depth sensor ဆိုပြီး လေးလုံးတွဲကင်မရာစနစ် သုံးထားပါတယ်။ ဖုန်းမိတ်ဆက်ချိန်မှာ ဖုန်နဲ့ ရေဝင်တာ ကာကွယ်ပေးနိုင်အောင် ဒီဇိုင်းထုတ်ထားတယ်လို့ ဆိုပါတယ်။ Poco M2 Pro ကို Out of Blue ၊ Green & Greener နဲ့ Two Shades of Black ဆိုပြီး ကာလာကွဲ သုံးမျိုးနဲ့ ဝယ်နိုင်မှာပါ။

RAM 4GB/64GB storage ဗားရှင်းကို ၁၃၉၉၉ ရူပီး (မြန်မာငွေ ၂ သိန်းခွဲကျော်ခန့်) ၊ RAM 6GB/64GB storage ကို ၁၄၉၉၉ ရူပီး (မြန်မာငွေ ၂ သိန်း ၇ သောင်းကျော်) နဲ့ RAM 6GB/128GB storage ဗားရှင်းကို ၁၆၉၉၉ ရူပီး (မြန်မာငွေ ၃ သိန်းကျော်) ဈေးနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က