Foldable ဖုန်းတွေထဲမှာ ထူးခြားတဲ့ clamshell ဒီဇိုင်းပါ

Foldable ဖုန်းတစ်လုံးအနေနဲ့ ကာလကြာအောင် သတင်းတွေ ပေါက်ကြားနေတဲ့ Motorola Razr ဖုန်းဟာ အခုဆို တရားဝင် ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။

၂၀၀၀ ပြည့်လွန် နှစ်များဆီက Motorola ဟာ Razr V3 clamshell ခေါက်ဖုန်းကို မိတ်ဆက်ခဲ့ပါတယ်။ display ခေါက်သိမ်းနိုင်တဲ့ Foldable Screen ဖုန်းခေတ်မှာတော့ Motorola ဟာ Razr ကို ပုံစံသစ် ၊ လုပ်ဆောင်ချက်သစ်နဲ့ ပွဲထုတ်လိုက်ပြီ ဖြစ်ပါတယ်။

Photo: wccftech


Foldable ဖုန်းဆိုတဲ့ အတိုင်း မှန်ပြင်ဟာ ခေါက်သိမ်းနိုင်ပြီး အပေါ်အောက် အတွင်းလှည့်ခေါက်ချိုး ချိုးနိုင်တဲ့ ဒီဇိုင်းနဲ့ လာတာပါ။ အတွင်းဘက်က OLED screen ဟာ ဖြန့်ထားချိန်မှာ ၆.၂ လက်မရှိပြီး notch screen နဲ့ လာတာဖြစ်ပါတယ်။ ဖုန်းရဲ့ အပေါ် ရှေ့ခြမ်းမှာလည်း မှန်ပြင်အုပ်ထားတဲ့ ၂.၇ လက်မ OLED display သုံးထားပါတယ်။

ဒီအပြင် display ငယ်ဟာ ဖုန်းအချက်အလက်တွေ ၊ သီချင်းအဖွင့်အပိတ်နဲ့ ဆယ်လ်ဖီဆွဲတာတွေပါ လုပ်နိုင်ပြီး Motorola ကတော့ ဒါကို Quick View display လို့ နာမည်ပေးထားပါတယ်။ တစ်ခြား Foldable ဖုန်းတွေနဲ့ မတူတာက ဒီဖုန်းဟာ ခေါက်သိမ်းထားတဲ့ အခြေအနေမှာတောင် အသုံးများတဲ့ functions တွေ ဖြစ်တဲ့ ဖုန်းခေါ်တာ ၊ ဆယ်လ်ဖီဆွဲတာ ၊ Settings တစ်ချို့အဖွင့်အပိတ််လုပ်တာနဲ့ Google Assistant သုံးတာတွေ လုပ်နိုင်ပါတယ်။

ဖုန်းကို ခေါက်သိမ်းထားချိန်မှာ သယ်လို့အလွန်လွယ်ကူတဲ့ Compact ဒီဇိုင်းနဲ့ဖြစ်လာပြီး အရောင်မှာတော့ Noir Black ကာလာတစ်မျိုးတည်းနဲ့ ထွက်ထားပါတယ်။ ဘက်ထရီဟာ 2510 mAh ဖြစ်ပြီး 15W TurboPower အားသွင်းစနစ် ပါရှိပါတယ်။ Motorola Razr ဟာ mid-range Snapdragon 710 processor နဲ့ လာပြီး RAM 6GB/128GB storage သုံးထားပါတယ်။





ဒီဖုန်းမှာ ကင်မရာ ၂ လုံးပဲ ပါရှိပါတယ်။ တစ်လုံးက အပြင်ဘက်မှာ ဖြစ်ပြီး ကျန်တဲ့ တစ်လုံးက အတွင်း screen အပေါ်က notch ထဲမှာပါ။ ခေါက်ထားတဲ့ အနေအထားမှာ ဆဲလ်ဖီဆွဲဖို့သုံးတဲ့ ပင်မကင်မရာဟာ EIS နဲ့ Dual Pixel AF ၊ Laser AF စနစ် ပါရှိတဲ့ 16MP f/1.7 ကင်မရာ ဖြစ်ပြီး Dual LED flash သုံးထားပါတယ်။ အတွင်း selfie ကင်မရာကတော့ 5MP f/2.0 ကင်မရာ ဖြစ်ပြီး LED flash မပါပေမယ့် ဖုန်း screen ဟာ အမှောင်ထဲမှာ ဆယ်လ်ဖီဆွဲသူရဲ့ မျက်နှာကို အလင်းတင်ပေးနိုင်ပါတယ်။

ဖုန်းအောက်ခြေမှာ fingerprint sensor သုံးထားတဲ့ ဒီဖုန်းကို လာမယ့် ဒီဇင်ဘာ ၂၆ ရက်နေ့က စလို့ pre-order မှာနိုင်မှာ ဖြစ်ပြီး ၂၀၂၀ ဇန်နဝါရီလထဲမှာ ဒေါ်လာ ၁၅၀၀ ( မြန်မာငွေ ၂၂ သိန်းခွဲကျော်) ဈေးနဲ့ စတင်ရောင်းချသွားမှာပါ။



က္က