ဈေးသင့်တဲ့ 5G ဖုန်းပါ

ZTE ဟာ 64MP Quad ကင်မရာနဲ့ ဈေးသင့်တဲ့ 5G ဖုန်း ကြေညာလိုက်ပါတယ်။

Axon 11 5G ဖုန်းသစ်ဟာ ၇.၉ မီလီမီတာထူပြီး ၁၆၈ ဂရမ်ပဲ လေးတာကြောင့် ကမ္ဘာ့အပေါ့ပါးဆုံး 5G ဖုန်းလို့ ဆိုနိုင်ပါတယ်။ ထောင့်စွန်းတွေ လုံးထားတဲ့ ZTE Axon 11 5G ဟာ မျက်နှာပြင် ၆.၄၇ လက်မ AMOLED Curved display နဲ့ လာပြီး screen-to-body အချိုး ၉၂% ရှိပါတယ်။




Photo: fonearena

display မှန်ပြင်အောက်မှာ လက်ဗွေစနစ် ပါရှိပြီး နာနိုကာဗွန်ဖိုင်ဘာကိုယ်ထည် သုံးထားပါတယ်။ ဖုန်းအတွင်းမှာ Liquid Cooling အအေးခံနည်းပညာ ၊ 7nm Snapdragon 765G processor နဲ့ 4000 mAh ဘက်ထရီပါဝါများ ပါရှိပါတယ်။ waterdrop notch ထဲမှာ 20MP ရှေ့ကင်မရာ သုံးလာပါတယ်။

ZTE Axon 11 5G ဟာ RAM 6GB/128B storage နဲ့ RAM 8GB/256GB storage ဆိုပြီး ဗားရှင်းနှစ်မျိုးထွက်ထားပါတယ်။ ဒီဖုန်းမှာ 2TB အထိ ထပ်တိုးနိုင်မယ့် microSD card ပံ့ပိုးထားပါတယ်။ဖုန်းအားသွင်းမှု မြန်ဆန်စေမယ့် 18W Quick Charge 4.0 ပံ့ပိုးထားပြီး ဘက်ထရီသက်တမ်းကိုလည်း တစ်ခြား 5G ဖုန်းတွေထက် ၃၅% ပိုရှည်ကြာစေမယ့် ပါဝါစီမံစနစ် ပါရှိပါတယ်။

ကျောဘက်စတုရန်းကွက် ကင်မရာ module ထဲမှာ 64MP main sensor ၊ 8MP ultra-wide lens ၊ 2MP Macro နဲ့ 2MP Depth sensor ဆိုပြီး ကင်မရာ ၄ လုံး ပါဝင်ပါတယ်။ primary sensor နဲ့ ultra wide lens ကင်မရာတွေဟာ Video Image Stabilization နည်းပညာ ပံ့ပိုးထားတဲ့အပြင် ဓါတ်ပုံနဲ့ ရုပ်သံတည်းဖြတ်မှုမျိုးစုံ လုပ်နိုင်မယ့် software feature တွေ ပါရှိပါတယ်။

ဆော့ဖ်ဝဲလ်ပိုင်းမှာ Android 10 ကို အခြေခံထားတဲ့ MiFavor 10 I သုံးထားပြီး Laser Black နဲ့ Pearl White နှစ်ရောင်နဲ့ ထွက်လာပါတယ်။ RAM 6GB/128GB storage မော်ဒယ်ကို ၂၆၉၈ ယွမ် (မြန်မာငွေ ၅ သိန်းခွဲခန့်) ၊ RAM 8GB/128GB storage ကို ၂၉၉၈ ယွမ် (မြန်မာငွေ ၆ သိန်းခန့်) နဲ့ RAM 8GB/256GB storage ကို ၃၃၉၈ ယွမ် (မြန်မာငွေ ၆ သိန်း ၈ သောင်းခန့်) ဈေးတွေနဲ့ ရောင်းချသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က