Redmi Note 9 Pro Max ကို နည်းနည်းပြန်ပြင်ထားတာပါ

Xiaomi ဟာ Redmi Note 9 Pro Max ရဲ့ Global ဗားရှင်းကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

Redmi Note 9S ဟာ ဆွဲဆောင်မှုအပြည့် နဲ့ ထွက်လာတဲ့ တန်ဖိုးသင့် ဖုန်းသစ် ဖြစ်ပါတယ်။ တကယ်တော့ ဒီဖုန်းဟာ ဒီဖုန်းဟာ ပြီးခဲ့တဲ့ မတ်လလယ်က ထွက်ခဲ့တဲ့ Redmi Note 9 Pro Max ကို နာမည်ပြောင်းထုတ်လာတာပါ။ ကင်မရာ specs နည်းနည်းပဲ ပြောင်းထားပြီး နိုင်ငံအလိုက် ဈေးနှုန်းကွာခြားမှုလည်း ရှိပါတယ်။



Photo: GSMArena


Redmi Note 9S ဟာ မျက်နှာပြင် ၆.၆၇ လက် LCD display နဲ့ လာပြီး Gorilla Glass 5 မှန်အုပ်ထားပါတယ်။ ကျောဘက် panel ကို 3D Curved glass နဲ့ ကွေးညွှတ်ထားပြီး touch ထိတွေ့မှုကို ထူးခြားစေမယ့် Z-axis Vibration motor နဲ့ လာပါတယ်။ ဒီဖုန်းဟာ Galaxy S20 စတိုင် Punch-hole display သုံးထားပြီး ကျောဘက်မှာ ထောင်လိုက်စတုဂံပုံစံ Quad Lensn ပါလာပါတယ်။

ကျောဘက် primarty lens ကိုတော့ 64MP ကနေ 48MP ပြောင်းထားပြီး ကျန်တဲ့ 8MP ultra-wide ၊ 5MP macro နဲ့ 2MP depth sensor တို့ကတော့ အပြောင်းအလဲ မရှိပါဘူး။ RAW photography ဓါတ်ပုံနည်းပညာနဲ့ အဆင့်မြှင့်ထားတဲ့ Night Mode တို့ ပါဝင်လာပြီး ရှေ့ကင်မရာဟာ 120fps slow-motion ဗွီဒီယိုတွေ ဖန်တီးနိုင်တဲ့ 16MP ဆယ်လ်ဖီကင်မရာ သုံးထားပါတယ်။

Photo: GSMArena


Redmi Note 9 Pro Max အတိုင်း Snapdragon 720G processor ၊ RAM 4GB/6GB ဗားရှင်းများ ထွက်ထားပြီး ဘက်ထရီပါဝါကလည်း 5020mAh အကြီးစားပါဝါနဲ့ ထွက်လာတာပါ။ လက်ဗွေဟာ ဖုန်းဘေးဘောင် ပါဝါခလုတ်မှာ တပ်ဆင်ထားပြီး အရောင်အနေနဲ့ Aurora Blue ၊ Glacier White နဲ့ Interstellar Grey သုံးရောင်နဲ့ ဝယ်ယူနိုင်မှာပါ။

မလေးရှားမှာ RAM 4GB/64GB storage ဗားရှင်းကို မလေးရှားရင်းဂစ် ၇၉၉ (မြန်မာငွေ ၂ သိန်းခွဲကျော်) နဲ့ RAM 6GB/128GB storage ဗားရှင်းကို မလေးရှားရင်းဂစ် ၈၉၉ ( မြန်မာငွေ ၂ သိန်း၈ သောင်းကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က