ဈေးအချိုဆုံး 5G ဖုန်းထဲက တစ်လုံးပါ

ခေတ်ဆန်တဲ့ ဒီဇိုင်းနဲ့ ဆွဲဆောင်မှုရှိတဲ့ ဈေးနဲ့ 5G ဖုန်းသစ်တစ်မျိုးကို Xiaomi က ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

ပဉ္စမမျိုးဆက် 5G ကွန်ရက်သုံး စမတ်ဖုန်းတွေဟာ ဈေးအမြင့်နဲ့ ရောင်းထုတ်နေတာပါ။ Xiaomi ကတော့ Affordable ဖြစ်တဲ့ ဖုန်းတွေ ထုတ်နေတဲ့ ကုမ္ပဏီဖြစ်တဲ့အတိုင်း 5G ဖုန်းကိုလည်း သင့်တင့်တဲ့ ဈေးနဲ့ မိတ်ဆက်လိုက်တာ ဖြစ်ပါတယ်။ Xiaomi Mi 10 Lite 5G ဟာ လက်လှမ်းမီနိုင်တဲ့ ဈေးနဲ့ ထွက်လာတဲ့ 5G ဖုန်းပါ။ 



Photo: Android Central

Xiaomi Mi 10 Lite 5G ဟာ Xiaomi ရဲ့ flagship မော်ဒယ် Xiaomi Mi 10 ဖုန်းတွေနဲ့အတူ မိတ်ဆက်လာတာ ဖြစ်ပြီး Snapdragon 765G processor သုံးထားပါတယ်။ Snapdragon 765G processor ဟာ 5G modem ပါတဲ့ mid-range SoC ဖြစ်ပါတယ်။ ဖုန်းကို အချိန်အကြာကြီး သုံးတဲ့သူတွေနဲ့ အကြီးစား app တွေ သုံးတဲ့ သူတွေအတွက် စမတ်ဖုန်းသုံးစွဲမှုအတွေ့အကြုံကို ချောမွေ့စေမယ့် LiquidCool နည်းပညာ သုံးထားပါတယ်။

waterdrop notch ဒီဇိုင်း သုံးထားတဲ့ ဖုန်းမျက်နှာပြင်ဟာ ၆.၅၇ လက်မ အရွယ်အစား ရှိပြီး AMOLED display အမျိုးအစားနဲ့ လာပါတယ်။ ပိုကောင်းတာတစ်ခုက in-display fingerprint စနစ်ကို သုံးထားတာ ဖြစ်ပါတယ်။ notch ထဲမှာ 16MP selfie ကင်မရာ ပါရှိပြီး ကျောဘက်မှာတော့ စတုဂံကွက်ပုံစံ ကင်မရာ module နဲ့ လာပါတယ်။ ကျောဘက်မှာတော့ 48MP main sensor နဲ့အတူ လေးလုံးတွဲကင်မရာ ပါရှိပါတယ်။

တစ်ခြား Camera sensor သုံးခုအကြောင်း မသိရသေးပေမယ့် ကင်မရာစနစ်ကိုတော့ Xiaomi က အမြည်းပြောထားပါတယ်။ Xiaomi Mi 10 Lite 5G ဟာ ကင်မရာ feature အနေနဲ့ Pro Mode ၊ Shoot Steady ၊ AI Dynamic Skyscaping စနစ်တွေအပြင် နောက်ထပ်လည်း ကင်မရာ features တွေ ထပ်ဖြည့်ထားတယ်လို့ ဆိုပါတယ်။ ဘက်ထရီပါဝါဟာ 4160mAh ဖြစ်ပြီး 20W fast charging ပံ့ပိုးထားပါတယ်။

Photo: gsmarena

Xiaomi Mi 10 Lite ကို အဖြူ ၊ မီးခိုးရောင် နဲ့ အစိမ်း သုံးရောင်နဲ့ ဝယ်နိုင်မှာ ဖြစ်ပြီး မေလဆန်းပိုင်းမှာ ဖြန့်ချိသွားမယ်လို့ ဆိုပါတယ်။ 64GB storage ဗားရှင်းကို ယူရို ၃၅၀ (မြန်မာငွေ ၅ သိန်းခွဲခန့်) ‌ဈေးနဲ့ ရောင်းချသွားမှာ ဖြစ်ပြီး 128GB ဗားရှင်းကတော့ ယူရို ၄၀၀ (မြန်မာငွေ ၆ သိန်း ၂ သောင်းခွဲခန့်) ကျသင့်မှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က