နာမည်ပြောင်း ထုတ်ထားတာပါ

မြန်မာငွေ ၁ သိန်းခွဲနဲ့ ၂ သိန်း ဝန်းကျင်တန် တန်ဖိုးနည်း ဖုန်းသစ်နှစ်မျိုးကို Realme က မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

Realme Narzo 10 နဲ့ Narzo 10A ဟာ အိန္ဒိယ‌ဈေးကွက်အတွက် ရည်ရွယ်ပြီး Realme 6i နဲ့ Realme C3 ဖုန်းတွေကို နာမည်ပြောင်း ထုတ်ထားတာပါ။ Narzo series ဟာ လူငယ် Z မျိုးဆက် စမတ်ဖုန်းသုံးစွဲသူတွေကို ဦးတည်ပြီး ထုတ်လိုက်တာ ဖြစ်ပါတယ်။ Narzo 10 ဟာ Narzo 10A ထက် ဈေးပိုမြောက်ပါတယ်။



Photo: firstpost

Realme Narzo 10 ဟာ Helio G80 chipset နဲ့ လာပြီး RAM 4GB/128GB storage သုံးထားပါတယ်။ မျက်နှာပြင် ၆.၅ လက်မ waterdrop notch ပုံစံ HD+ screen နဲ့ လာပြီး ကျောဘက်မှာ ထောင်လိုက် လေးလုံးတန်း ကင်မရာ ပါရှိပါတယ်။ရှေ့ notch ထဲမှာ 16MP ဆယ်လ်ဖီကင်မရာ ပါရှိပြီး ကျောဘက်မှာ 48MP primary ကင်မရာ ၊ ၁၁၉ ဒီဂရီ ultra-wide ကင်မရာ ၊ အဖြူအမည်း portrait lens နဲ့ 4cm Macro lens နဲ့ လာပါတယ်။

reverse charging နဲ့ Type C အားသွင်းစနစ်ပါ 5000 mAh ဘက်ထရီနဲ့ လာပြီး Realme Narzo 10A မှာ သုံးတဲ့ 5000mAh ဘက်ထရီမှာလည်း microUSB port နဲ့ 10W charging ပါရှိပါတယ်။ ဖုန်းနှစ်လုံစလုံးဟာ လက်ဗွေစနစ်ကို ကျောဘက်မှာ ထားထားပြီး Android 10 အခြေခံ Realme UI နဲ့ လာပါတယ်။

Realme Narzo 10A မှာ CPU/RAM အတွဲအစပ်ကို Helio G70 chipset ၊ 3GB/32GB အဖြစ် နှိမ့်ထားပါတယ်။ screen ဟာ Narzo 10 နဲ့ တစ်ပုံစံတည်း ဖြစ်ပြီး ကျောဘက်ကင်မရာ အတွဲ ကွာသွားပါတယ်။ ရှေ့ဘက် 5MP ကင်မရာ နဲ့ ကျောဘက် 12MP wide ၊ 2MP depth ၊ 2MP macro ဆိုပြီး သုံးလုံးတွဲကင်မရာ ပါရှိပါတယ်။

Realme Narzo 10 ဟာ အဖြူ နဲ့ အစိမ်းကာလာ နှစ်ရောင်နဲ့ လာပြီး ၁၁၉၉၉ ရူပီး (မြန်မာငွေ ၂ သိန်း ၂ သောင်းခန့်) နဲ့ ရောင်းချသွားမှာပါ။ အပြာနဲ့ အဖြူနှစ်ရောင်နဲ့ ထွက်ထားတဲ့ Realme Narzo 10A ကတော့ ၈၄၉၉ ရူပီး (မြန်မာငွေ ၁ သိန်းခွဲကျော်) ဈေး သတ်မှတ်ထားပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က