90Hz နဲ့ Quad lens တွေ သုံးထားပါတယ်

Motorola ဟာ mid-range တန်းဝင် Moto G စီးရီးထဲမှ 5G ဖုန်းတစ်မျိုးကို မိတ်ဆက်လိုက်ပါတယ်။

Moto G 5G Plus ဟာ mid-range ဖုန်းတစ်လုံးအနေနဲ့ ချီးကျူးလောက်တဲ့ features တွေ ပါလာတဲ့ ဖုန်းတစ်လုံး ဖြစ်ပါတယ်။ ဒီဖုန်းရဲ့ အဓိက ညွှန်းစရာအချက်က ပိုမိုမြန်ဆန်တဲ့ 5G ကွန်ရက်နည်းပညာ ပါဝင်လာခြင်း ဖြစ်ပေမယ့် တစ်ခြား စိတ်ဝင်စားစရာ features တွေလည်း ထည့်သွင်းထားပါတယ်။ ဒီဇိုင်းအနေနဲ့လည်း Moto G 5G Plus ဟာ အတော်လေး ဆွဲဆောင်မှု ရှိပါတယ်။




Photo: GSMArena

ရှေ့ဘက် အပေါ်ဘယ်ထောင့်မှာ စိတ်ဝင်စားစရာ dual punch-hole ကင်မရာပေါက် သုံးထားပြီး ကျောဘက်မှာ စတုရန်းကွက် Camera Setup နဲ့ လေးလုံးတွဲကင်မရာ ထည့်သွင်းထားပါတယ်။ မျက်နှာပြင် ၆.၇ လက်မအရွယ် display ဟာ FHD+ display အမျိုးအစား ဖြစ်ပြီး ရှားရှားပါးပါး 90Hz refresh rate ပါလာပါတယ်။

Motorola ဖုန်းတွေထဲမှာ ပထမဆုံးအဖြစ် Moto G 5G Plus ဟာ dual punch-hole ဆယ်လ်ဖီကင်မရာ သုံးလာပါတယ်။ punch hole ကင်မရာဟာ တစ်လုံးစီ သီးသန့်ခွဲထားတဲ့ ဒီဇိုင်းဖြစ်ပြီး 16MP နဲ့ 8MP ultrawide ကင်မရာနှစ်လုံး ပါရှိပါတယ်။ ကျောဘက်မှာ 48MP main lens ၊ 5MP macro ကင်မရာ ၊ 8MP ultrawide နဲ့ 2MP depth sensor နဲ့ လာပါတယ်။

Moto G 5G Plus ဟာ X52 5G modem ပါတဲ့ Qualcomm Snapdragon 765 processor နဲ့ လာပြီး sub-6GHz 5G support တစ်မျိုးပဲ ပံ့ပိုးထားပါတယ်။ RAM 4GB ၊ 6GB နှစ်မျိုး နဲ့အတူ microSD card နဲ့ storage ထပ်တိုးနိုင်မယ့် 64GB/128GB များ ထွက်ထားပါတယ်။ ရေစင်တဲ့ ဒဏ်ခံနိုင်ရည် ရှိပြီး 3.5mm headphone jack နဲ့ NFC support ပေးထားပါတယ်။

Photo: phonearena


ဘက်ထရီပါဝါဟာ 5000 mAh ဖြစ်ပြီး 20W USB-C TurboPower အမြန်အားသွင်းစနစ် ပံ့ပိုးပေးထားပါတယ်။ ဆော့ဖ်ဝဲလ်အနေနဲ့ Android 10 ကို အခြေခံထားပြီး My UX စနစ် သုံးထားပါတယ်။ အပြာနဲ့ ခရမ်း ကာာလနှစ်မျိုးနဲ့ ထွက်ထားပြီး ဥရောပဈေးကွက်မှာ စတင်ဖြန့်ချိသွားမှာပါ။ နောက်လတွေထဲမှာ ဆော်ဒီအာရေဗျနဲ့ ယူအေအီးတို့မှာ ဖြန့်ချိသွားမှာ ဖြစ်ပါတယ်။

RAM 4GB/64GB storage ကို ၃၄၉ ယူရို (မြန်မာငွေ ၅ သိန်း၄ သောင်းခန့်) နဲ့ RAM 6GB/128GB storage ဗားရှင်းကို ၃၉၉ ယူရို (မြန်မာနိုင်ငံ ၆ သိန်းကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က