foldable phone တွေထဲမှာ ဈေးအမြောက်ဆုံးဖုန်းပါ
Nyein Min Wai

     နည်းပညာနည်းပယ်မှ လူပေါင်း ၁ သိန်းကျော် တက်ရောက်ခဲ့တဲ့ MWC 2019 ပွဲကြီးမှာ Huawei ရဲ့ ဖုန်းမော်ဒယ်သစ်ဟာ မှတ်တမ်းကောင်းတစ်ခု စိုက်ထူသွားခဲ့ပါတယ်။

         ဒီပွဲကို တက်ရောက်လာတဲ့ ကျွမ်းကျင်သူအကဲဖြတ်ဒိုင်တွေကနေ ထူးခြားဆန်းသစ်တဲ့ ထုတ်ကုန်တွေကို ဆုချီးမြှင့်ခဲ့ပြီး Mobile World TV Live ကနေ ဆုပေးတဲ့ အခမ်းအနားကို တိုက်ရိုက်ထုတ်လွှတ်ခဲ့ပါတယ်။ ဒီပွဲမှာ Huawei Mate X ဟာ MWC 2019 ပြပွဲမှာ အကောင်းဆုံးဖုန်းဖြစ်တဲ့ Best in Show ဆုချီးမြှင့်ခံခဲ့ရတာ ဖြစ်ပါတယ်။

         Photo: Duwun Tech

         MWC 2019 ပွဲမှာ မိတ်ဆက်ပြသခဲ့တဲ့ Huawei Mate X ဟာ ကမ္ဘာ့အမြန်ဆုံး 5G chips ဖြစ်တဲ့ Balong 5000 ဆိုတဲ့ Huawei ရဲ့ 5G Modem သစ်ကို သုံးလာတဲ့ ဖုန်းဖြစ်ပြီး Huawei ရဲ့ ပထမဆုံး foldable phone ဖြစ်သလို 5G ဖုန်းလည်း ဖြစ်ပါတယ်။ ဖြန့်ထားချိန်မှာ မျက်နှာပြင် ၈ လက်မရှိပြီး ရုပ်ထွက် resolution အနေနဲ့2480 x 2200 pixel ပါရှိပြီး ခေါက်ထားချိန်မှာ dual display လို့ခေါ်မယ့် ရှေ့နောက် display နှစ်ခုနဲ့လာပါတယ်။

         ဒီဖုန်းဟာ ခေါက်ထားချိန်မှာ ရှေ့မျက်နျာပြင် ၆.၆ လက်မနဲ့ကျောဘက် ၆.၃၈ လက်မပါရှိပြီး tablet mode နဲ့phone mode နှစ်မျိုး သုံးနိုင်မှာပါ။ မှန်ပြင်ဒီဇိုင်းမှာ notch free display နဲ့လာပြီး ညာဘေးဘောင်မှာ သီးသန့်ဘောင်တစ်ခု ၊ ပါဝါခလုတ်မှာ fingerprint scanner နဲ့အတူ ကျောဘက် Leica ရဲ့ သုံးလုံးတွဲကင်မရာ ၊ ရှေ့ဆယ်လ်ဖီကင်မရာ စုစုပေါင်း ကင်မရာ ၄ လုံး ပါဝင်လာပါတယ်။

         ဘက်ထရီပိုင်းမှာ အကြီးစားပါဝါဖြစ်တဲ့ 4500 mAh ဘက်ထရီကို သုံးထားပြီး SuperCharge နည်းပညာလို့ခေါ်တဲ့ 55W charging ကြောင့် ဖုန်းလုံးဝ အားမရှိနေတဲ့ အချိန်မျိုးမှာ နာရီဝက်အတွင်း ၈၅% အထိ အားသွင်းနိုင်မယ်လို့လည်း ကုမ္ပဏီက ကြေညာထားပါတယ်။ processor အနေနဲ့Huawei ရဲ့ 7nm process နဲ့လာတဲ့ Kirin 980 chipset သုံးထားပြီး ကမ္ဘာပေါ်မှာ အပါးလွှာဆုံး foldable ဖုန်းလည်း ဖြစ်ပါတယ်။

Photo: Duwun Tech

         Huawei Mate X ဟာ ခေါက်ထားချိန်မှာ 11mm ပဲ ထူပြိး ဖွင့်ထားချိန်မှာ 5.4mm ဖုန်းဖြစ်ပြီး gear စတိုင် အံဝှက်ပတ္တာဒီဇိုင်းကလည်း အတော်လေး ထူးခြားပါတယ်။ လက်ရှိထွက်သမျှ foldable ဖုန်းတွေထဲမှာ ဘေးဘောင် bezel အပါးဆုံးလို့လည်း ပြောနိုင်ပြီး ဒီဇိုင်းပိုင်းမှာ ပရီမီယံဆန်တဲ့ အသွင်နဲ့လာတာပါ ။

ဈေးနှုန်းအနေနဲ့ဒေါ်လာ ၂၆၀၀ ( မြန်မာငွေ သိန်း ၄၀ ခန့်) ဈေးနဲ့ရောင်းချသွားမယ်လို့ဆိုပါတယ်။ဈေးနှုန်းအားဖြင့် Huawei Mate X ဟာ foldable ဖုန်းအားလုံးထဲမှာ ဈေးအကြီးဆုံး ခေါက်သိမ်းနိုင်စမတ်ဖုန်းလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က