Snapdragon 855+ SoC နဲ့လာတဲ့ high-end ဖုန်းပါ
Nyein Min Wai

65W Super VOOC အားသွင်းစနစ်နဲ့လာတဲ့ high-end ဖုန်းတစ်လုံးကို OPPO က မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။


Reno Ace နာမည်နဲ့ထွက်လာတဲ့ ဒီဖုန်းဟာ OPPO နဲ့sister company တစ်ခုဖြစ်တဲ့ OnePlus က ထုတ်ထားတဲ့ OnePlus 7T နဲ့ဆင်ပြီး သုံးထားတဲ့ hardware အတော်များများ တူပါတယ်။ ကိုယ်ထည်ဟာ 20:9 အချိုးနဲ့လာပြီး ၆.၅ လက်မ waterdrop notch display နဲ့လာပါတယ်။ 90Hz refresh rate ပါတဲ့ display အမိုက်စားဖြစ်လို့သွက်လက်ပေါ့ပါးတဲ့ User Experience ကို ခံစားရမှာပါ။

Photo: Engadget


နောက်တစ်ခုက လက်ရှိ ဖုန်းတွေထဲမှာ အမြန်ဆုံးဆိုတဲ့ အားသွင်းစနစ် ပါလာတာပါ။ Reno Ace ဟာ 4000 mAh ဘက်ထရီနဲ့လာပြီး OPPO ရဲ့ 65W SuperVOOC charging စနစ်ကြောင့် မိနစ် ၃၀ အတွင်း အားအပြည့်သွင်းနိုင်မှာ ဖြစ်တယ်လို့ဆိုပါတယ်။ ဒီဖုန်းဟာ ၅ မိနစ်အတွင်း အား ဝ% ကနေ ၂၅% အထိ သွင်းပေးနိုင်မှာပါ။

Reno Ace ဟာ USB C Power Delivery စနစ်နဲ့18W Qualcomm Quick Charge စနစ် လည်း ပံ့ပိုးပေးထားတဲ့ ဖုန်းပါ။ processor အနေနဲ့Qualcomm ရဲ့ နောက်ဆုံးထုတ် Snapdragon 855+ SoC ကို သုံးထားပြီး RAM ကိုလည်း 8GB ၊ 12GB ဗားရှင်းတွေနဲ့ထွက်ထားပါတယ်။ UFS 3.0 storage စနစ်သုံး 128GB နဲ့256GB ဆိုပြီး storage ကိုလည်း နှစ်မျိုးနဲ့ဝယ်ယူနိုင်မှာပါ။

ကင်မရာအနေနဲ့ကြည့်မယ်ဆိုရင် ကျောဘက်မှာ ထောင်လိုက် ၄ လုံးတန်း ကင်မရာတွေ ဖြစ်တဲ့ Sony IMX586 sensor သုံး 48MP primary sensor ၊ 8MP ultra-wide ကင်မရာ ၊ 5x hybrid zoom ဆွဲနိုင်မယ့် 13MP tele ကင်မရာနဲ့အတူ 2MP monochrome sensor တွေ ပါဝင်ပါတယ်။

Photo: GSMArena


ရှေ့ဘက်မှာ 16MP ကင်မရာ ပါပြီး တစ်ခြား features တွေအနေနဲ့တွေ့ရမှာက in-display လက်ဗွေနည်းပညာ ၊ NFC စနစ် ၊ ဂိမ်းကစားမှုကို ချောမွေ့စေမယ့် Game Boost 2.0 နည်းပညာနဲ့OPPO ရဲ့ ColorOS 6.1 တို့ပါပဲ။ အရောင်ကိုတော့ Psychedelic Purple ကာလာနဲ့Starry Blue နှစ်ရောင်နဲ့ဝယ်ယူနိုင်မယ်လို့ဆိုပါတယ်။

တရုတ်ဈေးကွက်မှာ စတင်ရောင်းချသွားမယ့် OPPO Reno Ace RAM 8GB/128GB storage ကို ၂၉၉၉ ယွမ် ( မြန်မာငွေ ၆ သိန်း ၄ သောင်းခန့်) နဲ့အမြင့်ဆုံးမော်ဒယ်ဖြစ်တဲ့ RAM 12GB/256GB storage ဗားရှင်းကို ၃၇၉၉ယွမ် ( မြန်မာငွေ ၈ သိန်းကျော်) ဈေးနဲ့ရောင်းချသွားမှာပါ။


က္က