Quad lens နဲ့ လာပါတယ်

Vivo ရဲ့ Gaming အသားပေး စမတ်ဖုန်းအမှတ်တံဆိပ်သစ် iQOO ဟာ Snapdragon 865 processor သုံးထားတဲ့ iQOO 3 5G ဖုန်းကို မိတ်ဆက်လိုပါတယ်။

iQOO 3 5G ဟာ အစောပိုင်းက ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအတိုင်း မြင်တွေ့ရတဲ့ စမတ်ဖုန်းဖြစ်ပြီး ၂၀၂၀ မှာ ခေတ်စားနေတဲ့ စမတ်ဖုန်းဒီဇိုင်းကိုပဲ သုံးထားတာပါ။ ရှေ့ display အပေါ်ညာဘက်ထောင့်မှာ punch hole ကင်မရာပေါက် နဲ့ ကျောဘက်မှာ ထောင်လိုက်စတုဂံပုံစံ Quad lens ကင်မရာစနစ် ပါရှိပါတယ်။



Photo: gsmarena

မျက်နှာပြင်အရွယ်အစား ၆.၄၄ လက်မ ရှိပြီး Super AMOLED display ရဲ့ အောက်မှာ fingerprint scanner ထည့်သွင်းထားပါတယ်။ screen ကို Polar View Display လို့ နာမည်ပေးထားပြီး တစ်ချို့အနေအထားတွေမှာ တောက်ပမှုအနေနဲ့ 1200nits နဲ့ HDR10+ support ပါရှိပါတယ်။ punch hole ကင်မရာထဲမှာတော့ 16MP ဆယ်လ်ဖီကင်မရာ သုံးသွားပါတယ်။

display refresh rate ဟာ 60Hz ပဲ သုံးထားပေမယ့် သုံးရမြန်ဆန်သွက်လက်စေမယ့် 180Hz touch sampling rate ပါလာပါတယ်။ ဂိမ်းအသားပေး ထုတ်ကုန်ဖြစ်တဲ့ အတိုင်း 4D in-game vibration နဲ့ Ultra Game Mode တို့လည်း ပေးထားပါတယ်။ ဖုန်းအပူချိန်တက်မှုကို လျှော့ချပေးနိုင်မယ့် အရည်အအေးပေးနည်းပညာပါရှိပြီး CPU အပူချိန်ကို ၁၂ ဒီဂရီ ဆဲလ်စီးယပ်စ်နဲ့ ဖုန်းမျက်နှာပြင် အပူချိန်ကို ၃.၅ ဒီဂရီဆဲလ်စီးယပ်စ်အထိ လျှော့ချပေးနိုင်မယ်လို့ ဆိုပါတယ်။

ဂိမ်းကစားနေစဉ် ဖုန်းရဲ့ စွမ်းဆောင်ရည်ကို မြှင့်ပေးမယ့် Multi-Turbo နည်းပညာလည်း ပါရှိပြီး AnTuTu က တိုင်းတာတဲ့ ဖုန်းစွမ်းဆောင်ရည်အမှတ်မှာ ၆၁၀၅၇၆ မှတ်အထိ ရထားပါတယ်။ နောက်တစ်ခုက ဖုန်း processor ရဲ့ လုပ်ဆောင်ချက်ကို အမြင့်ဆုံး မြှင့်တင်ပေးအောင် ခိုင်းလို့ရမယ့် Monster Touch buttons လို့ ခေါ်တဲ့ ဂိမ်းခလုတ်တွေလည်း ထည့်ပေးထားပါတယ်။


Photo:  5G ဗားရှင်းကတော့ ရူပီး ၄၄၉၉၀ (မြန်မာငွေ ၉ သိန်းဝန်းကျင်) ဈေးနဲ့ ရောင်းချသွားမယ်လို့ ကြေညာထားပါတယ်။

ကျောဘက်မှာ 48MP main ကင်မရာ ၊ 13MP telephoto ၊ 13MP ultrawide ကင်မရာနဲ့ 2MP depth sensor တို့ သုံးပါတယ်။ iQOO 3 ဟာ အမြင့်ဆုံး RAM 12GB/256GB storage ဗားရှင်းမှာပဲ 5G မော်ဒယ်အဖြစ် ထွက်ထားပြီး ကျန်တဲ့ RAM 8GB ၊ 128GB နဲ့ 256GB တို့ကတော့ 4G ဗားရှင်းအဖြစ် ဈေးကွက်ဝင်မှာပါ။

ဘက်ထရီပါဝါ 4400 mAh ဟာ 55W Super FlashCharge အားသွင်းမှု ပါရှိပါတယ်။ လိမ္မော် ၊ ငွေနဲ့ အနက် ကာလာတွေနဲ့ ထွက်ထားပြီး RAM 8GB/128GB ဗားရှင်းကို ရူပီး ၃၆၉၉၀ (မြန်မာငွေ ၇ သိန်းခွဲနီးပါး) ဈေးနဲ့ စတင်ရောင်းချသွားမှာပါ။  5G ဗားရှင်းကတော့ ရူပီး ၄၄၉၉၀ (မြန်မာငွေ ၉ သိန်းဝန်းကျင်) ဈေးနဲ့ ရောင်းချသွားမယ်လို့ ကြေညာထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က