မိုဘိုင်းလ်ပိုက်ဆံဆိုတာ ဒီနေ့ခေတ်လို အရှိန်အဟုန်နဲ့လည်ပတ်နေတဲ့ နည်းပညာခေတ်မှာ မရှိမဖြစ်အရာတစ်ခုပါပဲ။
Phyo Min Thant

ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူတွေရဲ့နေ့စဉ်နေထိုင်လုပ်ကိုင်ပုံတွေ၊ ထိတွေ့ဆက်ဆံပုံတွေပြောင်းလဲလာရာကနေ new normal ဆိုတဲ့အသုံးအနှုံးတစ်ခုပေါ်ပေါက်လာပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး မပေါ်ပေါက်သေးမီ အချိန်မှာ ရပ်တံ့ထားလို့မရတဲ့နေ့စဉ်ဘဝတွေကိုဆက်လက်လည်ပတ်နို်ငဖို့အတွက် ဒီလို new normal ဆိုတဲ့ပုံစံ အသစ်တစ်ခုပေါ်ထွက်လာတာပဲဖြစ်ပါတယ်။

New Normal မှာလူတွေဟာ အပြင်ထွက်ရင် mask တပ်တာ၊ လက်ကိုစနစ်တကျမကြာမကြာ ဆေးကြောတာ တွေအပြင် တတ်နိုင်သမျှတစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေပြီး လူစုလူဝေးတွေကို ရှောင်ရှားနိုင်ဖို့လည်း ကြိုးစားကြရ ပါတယ်။ ဒီလိုအခြေအနေမှာ အကြောင်းကိစ္စအမျိုးမျိုးအတွက် ငွေပေး၊ငွေယူတွေ ဆောင်ရွက်ရာမှာ တစ်ဦးနဲ့ တစ်ဦးတွေ့စရာမလိုဘဲ၊ ဘဏ်မှာတန်းစီစောင့်ဆိုင်းစရာမလိုဘဲ အချိန်မရွေး၊နေရာမရွေး ငွေပေးချေနိုင်တဲ့ မိုဘိုင်းလ်ပိုက်ဆံတွေရဲ့ အရေးပါမှုဟာရှေ့တန်းကိုရောက်လာတာတွေ့ရပါတယ်။ တကယ်တော့ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးမရှိခဲ့ရင်လည်း မိုဘိုင်းလ်ပိုက်ဆံဆိုတာ ဒီနေ့ခေတ်လို အရှိန်အဟုန်နဲ့လည်ပတ်နေတဲ့ နည်းပညာခေတ်မှာ မရှိမဖြစ်အရာတစ်ခုပါပဲ။

မြန်မာနိုင်ငံမှာလည်း အခြားနိုင်ငံများနည်းတူ မိုဘိုင်းလ်ပိုက်ဆံဝန်ဆောင်မှုတွေ အတော်များများရှိတဲ့ထဲကနေမှ ဒီနေရာမှာ ညွှန်းပေးချင်တာက အူရီဒူးရဲ့ M- ပိုက်ဆံပါ။ M- ပိုက်ဆံဟာဆိုရင် ကိုယ်နဲ့မကွာနေရာတိုင်းကို လုံလုံခြုံခြုံသယ်ဆောင်သွားနိုင်ပြီး မြန်မာနိုင်ငံအနှံ့အပြားကို အချိန်မရွေး၊ နေရာမရွေးငွေလွှဲနိုင်၊ ငွေပေးချေနိုင် တာ ကြောင့်အခုလိုညွှန်းပေးရတာပါ။

M- ပိုက်ဆံဝန်ဆောင်မှုကို မိုဘိုင်းလ်ဖုန်းရှိတဲ့ဘယ်သူမဆိုအလွယ်တကူအသုံးပြုနိုင်ပြီး အူရီဒူးဖုန်းနံပါတ်နဲ့ စာရင်းပေးသွင်းပြီးတာနဲ့ စတင်အသုံးပြုနိုင်ပါပြီ။ M- ပိုက်ဆံကနေတစ်ဆင့် အူရီဒူး ဖုန်းနံပါတ်တွေကိုသာမက M- ပိုက်ဆံ အကောင့်မရှိတဲ့ အခြားမိုဘိုင်းလ်အော်ပရေတာအသုံးပြုသူတွေဆီကိုပါ ငွေလွှဲနိုင်တာကလည်း တကယ့်ကြီးမားတဲ့အားသာချက်တစ်ခုပါပဲ။

ကိုယ့်ရဲ့ M- ပိုက်ဆံအကောင့်ထဲကို ငွေသွင်းချင်ရင်ပဲဖြစ်ဖြစ်၊ အကောင့်ထဲကနေငွေထုတ်ချင်ရင်ပဲဖြစ်ဖြစ် မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ M- ပိုက်ဆံကိုယ်စားလှယ်တွေဆီကို ကိုယ့်ရဲ့မိုဘိုင်းဖုန်း၊ မှတ်ပုံတင်တို့နဲ့အတူ သွားပြီး အလွယ်တကူ ငွေသွင်း၊ငွေထုတ်နိုင်ပါတယ်။ ဒါ့အပြင် CB ဘဏ် မိုဘိုင်းဘဏ်အကောင့်နဲ့ချိတ်ဆက်ပြီး ဘဏ်အကောင့်ထဲကနေ M-ပိုက်ဆံထဲကို ငွေလွှဲပြောင်းထည့်သွင်းတာ၊ M-ပိုက်ဆံ wallet ထဲကငွေကို ဘဏ်အကောင့်ထဲလွှဲပြောင်းတာတို့ကိုလည်းဆောင်ရွက်နိုင်ပါသေးတယ်။

M- ပိုက်ဆံကိုအသုံးပြုပြီး ငွေလွှဲတာ၊ ငွေလွှဲလက်ခံတာတို့အပြင် မီတာနဲ့ CANAL+ လစဉ်ကြေးတို့လို ဘေလ်ပေးဆောင်တာ၊ ငွေပေးချေတာနဲ့ မိုဘိုင်းလ်ဖုန်းဘေလ်ဖြည့်တာတို့ကိုလည်း လုပ်ဆောင်နိုင်တာ တွေကြောင့်လည်း New Normal အတွက်မရှိမဖြစ်အရာတစ်ခုညွှန်းလိုက်ရတာပဲ ဖြစ်ပါတယ်။

ဒါကြောင့်အခုပဲ ကိုယ့်ရဲ့မိုဘိုင်းလ်ဖုန်းထဲကို Google Play Store ၊ Apple Store တို့ကနေ M- ပိုက်ဆံ Application ကို download လုပ်ထည့်သွင်းပြီး အူရီဒူးဆင်းမ်ကဒ်နဲ့စာရင်းပေးသွင်းလိုက်တော့နော်။

(ဒီဆောင်းပါးကို Ooredoo Myanmar မှပံ့ပိုးကူညီထားပါတယ်)


Author


က္က