storage လည်း တိုးလာပါတယ်

Apple ဟာ CPU စွမ်းဆောင်ရည် နှစ်ဆပိုမြန်ပြီး ဂရပ်ဖစ်လုပ်ဆောင်ချက် ၈၀% ပိုကောင်းလာတဲ့ MacBook Air သစ်ကို မိတ်ဆက်သွားပါတယ်။

MacBook Air သစ်ဟာ ဈေးချိုပြီး ပိုကောင်းလာတဲ့ မော်ဒယ်လို့ ပြောရမှာပါ။ ဒီမော်ဒယ်ဟာ Quad-Core processor သုံးလာတဲ့ ပထမမျိုးဆက် Air သစ်လည်း ဖြစ်ပါတယ်။ Storage ပိုမြင့်လာပြီး ကီးဘုတ်လည်း အဆင့်မြှင့်ထားပါတယ်။ MacBook Air ဟာ အရင်နှစ်က ထွက်ခဲ့တဲ့ ၁၆ လက်မ MacBook Pro မှာ သုံးသွားတဲ့ Magic Keyboard စနစ်ကို သုံးလာပါတယ်။




Photo: redmondpie

၁၃.၃ လက်မ Retina display နဲ့လာပြီး Thunderbolt 3 ပေါက် နှစ်ခုကနေ External 6K monitor နဲ့ ချိတ်ဆက်နိုင်အောင် ထောက်ပံ့ထားပါတယ်။ screen resolution အနေနဲ့ 2560 x 1600px ပါရှိပြီး အလင်းအမှောင်အနေအထားအလိုက် display အစီအစဉ်ကို ချိန်ညှိပေးမယ့် True Tone နည်းပညာ ပါရှိပါတယ်။

ကိုယ်ထည်ဟာ recycled ပြန်ထုတ်ထားတဲ့ 6000-series အလူမီနီယံနဲ့လာပြီး အလေးချိန် ၁.၂၉ ကီလိုဂရမ်ပဲ လေးတယ်လို့ ဆိုပါတယ်။ WiFi ချိတ်ထားးပြီး အင်တာနက် ၁၁ နာရီအထိ ဆက်တိုက်သုံးနိုင်မယ့် 49.9Wh ဘက်ထရီပါရှိပြီး 30W power adapter တစ်ခါတည်း ပါလာပါတယ်။

၂၀၂၀ ဗားရှင်း MacBook Air သစ်ဟာ Intel Iris Plus Grapics ပါရှိပြီး SSD storage ဟာ 256GB ကနေ 2TB အထိ ထွက်လာပါတယ်။ ဈေးအနည်းဆုံးမော်ဒယ် 1.1GHz i3 processor ဟာ Turbo speed 3.2GHz နဲ့ လာပြီး 256GB storage ပါရှိပါတယ်။ Quad-core i5 Processor ကတော့ turbo speed 3.5 GHz နဲ့ 512GB flash storage နဲ့ ထွက်လာပါတယ်။


Photo: 9to5mac

1.2GHz Quad-core i7 မော်ဒယ်ဟာ 3.8GHz Turbo speed ပါရှိပါတယ်။ i3 Processor သုံး MacBook Air ဟာ ၉၉၉ ဒေါ်လာ (မြန်မာငွေ ၁၄ သိန်းကျော်) နဲ့ i5 မော်ဒယ်ကို ၁၂၉၉ ဒေါ်လာ (မြန်မာငွေ ၁၈ သိန်း ၇ သောင်းခန့်) ဈေးနဲ့ စတင်ရောင်းချသွားမှာ ဖြစ်ပြီး 512GB ဗားရှင်း i7 မော်ဒယ်ကို ၁၄၄၉ ဒေါ်လာ (မြန်မာငွေ သိန်း ၂၀ကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။

အရောင်အနေနဲ့ Gold ၊ Space Gray နဲ့ Silver ကာလာ ၃ ရောင်နဲ့ ထွက်ထားပြီး ကျောင်းသားသုံးမော်ဒယ်ကို ၈၉၉ ဒေါ်လာ (မြန်မာငွေ ၁၃ သိန်းခန့်) ဈေးနဲ့ ရောင်းချသွားမယ်လို့ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က