Nokia ရဲ့ ဒေါ်လာ ၂၀၀ အောက်တန် ဖုန်းများ

HMD ရဲ့ ပထမဆုံး 5G ဖုန်းဖြစ်တဲ့ Nokia 8.3 5G ကို ဈေးကွက်မှာ ဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။ 

Nokia 8.3 5G ကို ဒီနှစ်ဆန်းပိုင်းကတည်းက ကြေညာခဲ့တာ ဖြစ်ပေမယ့် ဈေးကွက်ထဲ အဝင်နောက်ကျနေတာပါ။ ဒီဖုန်းဟာ ၆.၈၁ လက်မအကြီးစား display သုံးထားပြီး punch-hole ကင်မရာဒီဇိုင်းနဲ့ ထွက်ထားတာ ဖြစ်ပါတယ်။ 5G support ပေးထားတဲ့ Snapdragon 765G Processor ၊ RAM 8GB/128GB storage နဲ့ လာပါတယ်။ 



Nokia 3.4 (Photo: The Verge)

18W fast charging ပါတဲ့ 4500mAh ဘက်ထရီ သုံးထားပြီး ဘေးဘောင်လက်ဗွေခလုတ် ပါရှိပါတယ်။ ရှေ့ဘက် punch-hole မှာ 24MP selfie ကင်မရာ ၊ ကျောဘက်မှာ စက်ဝိုင်းပုံကင်မရာ Module နဲ့ ZEISS နည်းပညာ 64MP main sensor ၊ 12MP ultrawide ၊ 2MP macro နဲ့ 2MP depth sensor ဆိုပြီး ကင်မရာ ၄ လုံး သုံးထားပါတယ်။

Nokia 8.3 5G ကို Global ဈေးနှုန်း ပျမ်းမျှ ယူရို ၆၀၀ ( မြန်မာငွေ ၉ သိန်းကျော်) ဈေးနဲ့ ရောင်းချသွားမယ်လို့ HMD က ဆိုပါတယ်။ Nokia ကနေ budget ဗားရှင်း Nokia 3.4 နဲ့ Nokia 2.4 ဆိုပြီး ဖုန်းသစ်နှစ်မျိုးလည်း မိတ်ဆက်သွားပါတယ်။ Nokia 3.4 ဟာ Nokia 8.3 ဒီဇိုင်းအတိုင်း ရှေ့ဘက် punch-hole နဲ့ ကျောဘက် စက်ဝိုင်းပုံကင်မရာနဲ့ လာပါတယ်။

မျက်နှာပြင် ၆.၃၉ လက်မ LCD display ပါရှိပြီး 720p+ ရုပ်ထွက်သုံးထားပါတယ်။ Snapdragon 460 SoC နဲ့ လာပြီး RAM 3GB/64GB storage နဲ့ အတူ microSD card ကနေ 512GB အထိ storage မြှင့်နိုင်မှာပါ။ 8MP selfie ကင်မရာ ၊ ကျောဘက် 13MP main sensor ၊ 5MP ultrawide နဲ့ 2MP သုံးလုံးတွဲကင်မရာတို့ ပါရှိပါတယ်။

Nokia 2.4 (Photo: The Verge)

Fingerprint sensor ၊ Face Unlock လုံခြုံရေစနစ်တို့နဲ့အတူ 4000mAh ဘက်ထရီ သုံးထားပါတယ်။ Nokia 3.4 ဟာ Charcoal ကြာလာနဲ့ လာပြီး RAM 3GB/32GB storage ကို ယူရို ၁၆၀ (မြန်မာငွေ ၂ သိန်းခွဲခန့်) ဈေးနဲ့ ရောင်းချသွားမှာပါ။ Nokia 2.4 ဟာ 4500mAh ဘက်ထရီ ၊ ၆.၅ လက်မ screen နဲ့ MediaTek Helio P22 chipset သုံးထားပြီး RAM 2 GB/32GB storage ပါရှိပါတယ်။

Android 10 စနစ်နဲ့လာပြီးကျောဘက်မှာ ထောင်လိုက် 13MP main sensor ၊ 2MP depth senosr တို့နဲ့အတူ fingerprint scanner တပ်ဆင်ထားပါတယ်။ ရှေ့ဘက် waterdrop notch ထဲမှာ 5MP selfie ကင်မရာ ပါရှိပြီး ယူရို ၁၂၀ (မြန်မာငွေ ၁ သိန်း ၈ သောင်းခွဲ) ဈေးနဲ့ ရောင်းချသွားမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က